သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-13
မြောက်ကိုးရီးယားခေါင်းဆောင် ကမ်ဂျုံးအန်က သူ့ရဲ့ဦးလေး ချန်စွန်တက်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ကြာသပတေးနေ့က သေဒဏ်ပေး ကွက်မျက်လိုက်တဲ့အတွက် ကမ္ဘာတဝှမ်း သတင်းထူးဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ အာဏာရှင်နိုင်ငံတွေရဲ့ သမိုင်းကိုကြည့်ရင် ဘာမှ အံ့သြစရာ မဟုတ်ပါဘူးလို့ ဝေဖန်ပြောကြားသူတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာကော ဘယ်လိုအဖြစ်အပျက်တွေ ရှိခဲ့ပါသလဲ။ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။
2013-11-28
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်အခြေစိုက် RFA လွတ်လပ်တဲ့အာရှအသံရဲ့ ပထမဆုံး မြန်မာပြည်တွင်း သတင်းထောက် ကိုမိုးသူအောင်ဟာ အခုလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သတင်းထောက် ကိုမိုးသူအောင်ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်မှုခဲ့တွေကို အမှတ်တရ အထူးအစီအစဉ်အဖြစ် RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2013-11-26
ဒီနေ့ကျရောက်တဲ့ ၉၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနဲ့ အကျိုးကျေးဇူးတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-08-21
၁၉၈၈ လူထုအုံကြွမှုငွေရတု အထူး အစီအစဉ်ကို သြဂုတ်လ ၂ ရက်နေ့ကစတင်ပြီး နေ့စဉ် ထုတ်လွှင့်ခဲ့ရာမှာ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ရဟန်းရှင်လူပုဂ္ဂိုလ် ၂ဝ ကျော်ရဲ့ အတွေ့အကြုံတွေကို RFA အဖွဲ့သားတွေက စုဆောင်း တင်ဆက်ခဲ့ကြပါတယ်။ အဲဒီ ထုတ်လွှင့်ချက်တွေထဲက အချို့ကို အနှစ်ချုပ်အဖြစ် ဦးခင်မောင်စိုးက တင်ပြခဲ့ရာမှာ မနေ့က ပထမပိုင်းကို တင်ဆက်ခဲ့ပါတယ်။ နောက်ဆုံးပိုင်း ကို အခုနားဆင်ပါ။
2013-08-20
၁၉၈၈ လူထုအုံကြွမှု ငွေရတု အထူးအစီအစဉ်ကို RFA က သြဂုတ်လ ၂ ရက်နေ့ကစတင်ပြီး နေ့စဉ် ထုတ်လွှင့်ခဲ့ရာမှာ အရေးတော်ပုံပါဝင်ဖြတ်သန်းခဲ့တဲ့ ရဟန်းရှင်လူပုဂ္ဂိုလ် ၂ဝ ကျော်ရဲ့ အတွေ့အကြုံတွေကို RFA အဖွဲ့သားတွေက စုဆောင်း တင်ဆက်ခဲ့ပါတယ်။ အဲဒီ ထုတ်လွှင့်ချက်တွေထဲက အချို့ကို အနှစ်ချုပ်အဖြစ် ဦးခင်မောင်စိုးက တင်ပြမှာဖြစ်ပါတယ်။
ပထမပိုင်းကို အခုနားဆင်ပါ။
2013-08-19
ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအထူးအစီအစဉ်မှာ NLD အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်ခင်စန်းနွယ်ရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာဖြစ်ပါတယ်။ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
2013-08-17
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က စစ်ကိုင်း ရဲစခန်းရှေ့မှာ ဆန္ဒပြပြည်သူထောင်ပေါင်းများစွာ ပြစ်ခတ်သတ်ဖြတ်ခံရစဉ်က ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဦးခင်မောင်ရွှေ ရဲ့ ပြောဆိုချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2013-08-16
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ လက်ရှိ NLD နာယက သူရ ဦးတင်ဦးရဲ့ အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။
ဒါ်ခင်ခင်အိက တင်ပြထားပါတယ်။
2013-08-15
ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ NLD နာယက ဆရာဦးဝင်းတင်ရဲ့ အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။ ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။
2013-08-15
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ မန္တလေးက စာရေးဆရာ ညီပုလေးနဲ့ ရေနံချောင်းမြို့မှာ ဦးဆောင် လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်တဲ့ကိုမောင်မောင်ဝမ်း တို့ရဲ့ အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။
ဦးသစ်ဆင်းက တင်ပြထားပါတယ်။
2013-08-14
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ကဗျာဆရာအောင်ဝေးရဲ့ ၁၉၈၈ ခုနှစ်က အတွေ့အကြုံတချို့ကို ဒီကနေ့နားဆင်ရမှာ ဖြစ်ပါတယ်။ ဒေါ်စန်းစန်းတင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
2013-08-12
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ နုယူးယောက်မြို့မှာ လက်ရှိနေထိုင်တဲ့ စာရေးဆရာ ကဗျာဆရာမောင်စွမ်းရည်ရဲ့အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာဖြစ်ပါတယ်။ ဒေါ်စန်းစန်းတင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
2013-08-11
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသူဟောင်း ၂ ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ပုံကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။ ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကွယ်လွန်သူ မချယ်ရီ အတွက်အမှတ်တရအနေနဲ့ ဇူးစီ သီဆိုခဲ့တဲ့ သီချင်းကို နားဆင်ပါ။
2013-08-11
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ၁၉၈၈ စက်တင်လာလ ၁၇ ရက်နေ့က ကုန်သွယ်ရေးဝန်ကြီးဌာန ရုံးချုပ် အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုဆွေကိုရဲ့ အတွေ့အကြုံနဲ့ စက်တင်ဘာသွေးမျက်ရည် သီချင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။
2013-08-10
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ၁၉၈၈ စက်တင်လာလ ၁၇ ရက်နေ့က ကုန်သွယ်ရေးဝန်ကြီးဌာန ရုံးချုပ်အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ရဟန်းပျိုအဖွဲ့ခေါင်းဆောင် အရှင်ဂန္ဓာသာရ အခုလက်ရှိလူအမည် ဦးအောင်ဟိန်းရဲ့ အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။ အာအက်ဖ်အေ အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြပါလိမ့်မယ်။
2013-08-09
ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအထူးအစီအစဉ်မှာ ၁၉၈၈ စက်တင်လာလ ၁၈ ရက်နေ့က စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရနေတဲ့ မဝင်းမော်ဦးကို သွားရောက်သယ်ဆောင်ခဲ့တဲ့ ဒေါက်တာ ဝင်းဇော်ရဲ့ အတွေ့အကြုံတွေကို ဒီကနေ့နားဆင်ရမှာ ဖြစ်ပါတယ်။ RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-08-07
ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာခဲ့တဲ ပြည်သူတွေ အကြောင်း အဲဒီအချိန်ကာလက အရေးပေါ်ဌာနမှာ တာဝန်ကျခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းရဲ့ ကိုယ်တွေ့ပြောဆိုချက်တွေနဲ့အဆိုတော် ကိုမွန်းအောင်ရဲ့ ဒေါင်းတမန်သီချင်းကို နားဆင်ရမှာပါ။
2013-08-07
အခုဆက်လက်ပြီး ရှစ်လေးလုံး ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အထူးအစီအစဉ် တတိယပိုင်းကို တင်ပြမှာပါ။
2013-08-06
၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ နေ့က လုံခြုံရေးတပ်ဖွဲ့တွေ ပစ်ခတ်လို့သေဆုံးခဲ့ရတဲ့ မဝင်းမော်ဦး အကြောင်းကို သူ့ဖခင်နဲ့ဆက်သွယ် မေးမြန်းချက်အပြင် အဆိုတော် မေဆွိသီဆိုထားတဲ့ ကျောင်းသားသမဂ္ဂ သီချင်း ကို နားဆင်ရမှာဖြစ်ပါတယ်။
2013-08-06
အခုဆက်လက်ပြီး ရှစ်လေးလုံး ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အထူးအစီအစဉ် ဒုတိယပိုင်းကို တင်ပြမှာပါ။
2013-08-06
အခုဆက်လက်ပြီး ရှစ်လေးလုံး ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အထူးအစီအစဉ် ပထမပိုင်းကို တင်ပြမှာပါ။
2013-08-03
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဲဒီကာလတုန်းက ဟင်္သာတ သပိတ်ခေါင်းဆောင် ဖြစ်တဲ့ ဒေါက်တာ မန်းမြင့်ဆိုင် တို့ရဲ့ အတွေ့အကြုံနဲ့ သဘောထားတွေကို တင်ဆက်မှာဖြစ်ပါတယ်။
2013-08-03
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအထူးအစီအစဉ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အဲဒီကာလက ပါဝင်လှုပ်ရှားခဲ့ပုံတွေနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လှကျော်ဇောနဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်မှာဖြစ်ပါတယ်။
2013-08-02
မြန်မာနိုင်ငံသမိုင်းမှာ အထင်ကရ မှတ်တမ်းတင်ရတဲ့ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံဟာ အခု ၂၅ နှစ်ပြည့်ခဲ့ပါပြီ။ လက်လှမ်းမှီသမျှ အချက်အလက်တချို့ကို တင်ပြရမယ်ဆိုရင် ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတစ်ခုအဖြစ် ရောက်ရှိခဲ့ပြီးနောက် ဆင်းရဲတွင်းနက်နေတဲ့ မြန်မာလူထုတစ်ရပ်လုံးက မဆလတစ်ပါတီ အာဏာရှင်အစိုးရအပေါ်မှာ အထွေထွေမကျေနပ်မှုတွေ တနေ့တခြား ကြီးမားလာနေချိန်မှာပဲ ၁၉၈၈ ခုနှစ် မတ်လမှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားအရေးအခင်း စတင်ပေါ်ပေါက်ခဲ့ပါတယ်။
2013-07-22
ရခိုင်ပြည်နယ်က ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ အများအပြား သတ်ဖြတ်ခံရမှု၊ အင်ဒိုနီးရှား လူဝင်မှု အကျဉ်းစခန်းမှာ မြန်မာတွေ အသတ်ခံရမှု၊ မလေးရှားရောက် မြန်မာတွေ လုပ်ကြံခံရမှု၊ ဂျကာတာမြို့က မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်မှု၊ အင်ဒိုနီးရှားနဲ့ ဆီးရီးယားနိုင်ငံတို့က အစ္စလာမ် အစွန်းရောက် တွေက မြန်မာနိုင်ငံကို ဂျီဟတ်လို့ခေါ်တဲ့ ဘာသာရေး စစ်ဆင်နွှဲဖို့ ကြိမ်းဝါးမှု၊ အိန္ဒိယနိုင်ငံက ဗုဒ္ဓဂါယာကို ဗုံးခွဲတိုက်ခိုက်မှု၊ အခုနောက်ဆုံး မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူရဲ့တရားပွဲ ဖောက်ခွဲခံရမှု စတဲ့ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့တဲ့ အခြေအနေတွေဟာ နိုင်ငံတကာမှာရှိတဲ့ မွတ်စလင် အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာပြီဆိုတာ မီးမောင်းထိုးပြနေပြီလို့ လေ့လာသူတွေက ရှုမြင်ကြပါတယ်။
2013-07-19
အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးထဲမှာ သယ်ယူပို့ဆောင်ရေးဌာန အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအုန်းမောင်ရဲ့ဇနီးသည် လက်ရှိအသက် ၉ဝ အရွယ် ဒေါ်သိန်းကြွယ်ဟာ ရန်ကုန်မြို့မှာ ကျန်းကျန်းမာမာနေထိုင်လျက်ရှိပြီး အခုနှစ်ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည်ဂူဗိမာန်ကို သွားရောက်ဂါရဝပြုနိုင်ခဲ့ပါတယ်။
2013-07-06
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဦးနေဝင်းအစိုးရရဲ့ စစ်တပ်ကပစ်လို့ ကျောင်းသားတွေသေဆုံးပြီး နောက်တစ်နေ့မနက်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦ ဗုံးခွဲဖြိုချခံလိုက်ရတဲ့ ဇူလိုင် ရ ရက်အရေးအခင်း ၅၁ နှစ်ပြည့်အခမ်းအနားတွေကို ရန်ကုန်-မန္တလေးအပါအဝင် မြို့တချို့မှာကျင်းပဖို့ ကျောင်းသားတွေစီစဉ်နေပါတယ်။
2013-07-06
စစ်တပ်ကပစ်လို့ ကျောင်းသား တွေသေဆုံးပြီး နောက်တနေ့ မနက်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖြိုချခံလိုက်ရတဲ့ ဇူလိုင် ရ ရက် အရေးအခင်း ၅၁ နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်-မန္တလေးအပါအဝင် မြို့တချို့မှာ ကျင်းပဖို့ ကျောင်းသားတွေ စီစဉ်နေပါတယ်။
2013-06-28
ဒီကနေ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာ့နိုင်ငံရေးမှာ လွတ်လပ်ရေးမတိုင်မီခေတ်ကလိုဘဲ ဘာသာရေး၊ လူမျိုးရေးကိုအခြေခံတဲ့ အမျိုးသားရေးတွေ တကြော့ပြန်နိုးထလာတယ်ဆိုပြီးတော့ အကဲခတ်တွေကမြင်ပါတယ်။
2013-04-14
ဒီနှစ် ရန်ကုန် အတာသြင်္ကန်ဟာ အာဏာပိုင်တွေ ဆော်သြ တိုက်တွန်းထားသလို ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းတဲ့သြင်္ကန် ဖြစ်မလာပဲ၊ ခါတိုင်းနှစ်တွေလိုပဲ အသောက်အစားတွေနဲ့ ပျော်ပါး ကြတဲ့ သြင်္ကန်ပဲဖြစ်နေတယ်လို့ စာပေနဲ့ အနုပညာ ရှင်တချို့က မြင်ကြပါတယ်။