ပေါ့ဒ်ကတ်စ် (Podcasts)

လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ သတင်းအစီအစဉ်တွေကို ပေါ့ဒ်ကတ်စ်နဲ့ နားထောင်နိုင်ပါတယ်၊ ပေါ့ဒ်ကတ်စ် ဆိုတာဟာ သတင်းအစီအစဉ်တွေကို မိမိရဲ့ကွြန်ပူတာ ဒါမှမဟုတ် အပေါ့စား အိတ်ဆောင် MP3 player ကိရိယာတွေကို ကူးယူပြီး အလွယ်တကူ နားထောင်နိံိုင်တဲ့ စနစ်ဖြစ်ပါတယ်။
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ သတင်းအစီအစဉ်တွေကို ပေါ့ဒ်ကတ်စ်နဲ့ နားထောင်နိုင်ပါတယ်၊ ပေါ့ဒ်ကတ်စ် ဆိုတာဟာ သတင်းအစီအစဉ်တွေကို မိမိရဲ့ကွြန်ပူတာ ဒါမှမဟုတ် အပေါ့စား အိတ်ဆောင် MP3 player ကိရိယာတွေကို ကူးယူပြီး အလွယ်တကူ နားထောင်နိံိုင်တဲ့ စနစ်ဖြစ်ပါတယ်။

ပေါ့ဒ်ကတ်စ်ရဲ့ အားသာချက်က၊ အသံလွှင့်အစီအစဉ်တွေကို မိမိရဲ့ MP3 playerထဲကို ကူးယူပြီး ကွြန်ပူတာ ရှေ့မှာ တစ်ချိန်လုံး ထိုင်နေစရာမလိုပဲ၊ လမ်းသွားရင်း၊ ကားစီးရင်း၊ ရထားစီးရင်း နားထောင် နိုင်ပါတယ်၊ ကိုယ်ကြိုက်တဲ့အစီအစဉ်ကို  စုဆောင်းသိမ်းဆည်းထားနိုင်ပါတယ်။

တနည်းအားဖြင့်တော့၊ ကိုယ်နားထောင်ချင်တာကို နားထောင်ချင်တဲ့အချိန်မှာ နားထောင်နိင် တဲ့အတွက်  ပေါ့ဒ်ကတ်စ်ကို ‘စိတ်တိုင်းကျ ရေဒီယို’ လို့ ခေါ်နိံိုင်ပါတယ်။

ပေါ့ဒ်ကတ်စ်ကို ဘယ်လိုနားထောင်နိုင်သလဲ?

ဒီစနစ်နဲ့ နားထောင်မယ်ဆိုရင်၊ အောက်မှာဖော်ပြထားတဲ့ URLကိုကူးပြီးတော့ မိမိရဲ့ ပေါ့ဒ်ကတ်စ်ဆော့ဖ်ဝဲမှာ ကူးယူထားပြီး  သတင်းအစီအစဉ်တွေကို အမြဲတမ်းရယူ နားထောင်နိုင်ပါတယ်။ မြန်မာဘာသာ အသံလွှင့်အစီအစဉ်အတွက် ကူးယူဖ့ို လိပ်စာကတော့၊

https://streamer1.rfaweb.org/archive/BUR/Burmese_podcast.php

ပေါ့ဒ်ကတ်စ်မှာကြားတဲ့ ဆော့ဖ်ဝဲ (podcast subscription software) ကို အင်တာနက်ထဲက ထုတ်ယုူပြီး မိမိရဲ့ကွြန်ပူတာထဲမှာ ထည့်ထားရပါမယ်။ အဲဒီလို ဆော့ဖ်ဝဲတွေကို တခါထည်းပါဝင်တဲ့ နောက်ဆုံးထုတ် Apple's iTunes ကို သုံးနိုင်ပါတယ်။ ဒါမှမဟုတ်၊ အလားတူ ဆော့ဖ်ဝဲလ်တွေ ဖြစ်တဲ့ Juice ဖြစ်စေ၊ Apple ကွြန်ပူတာ သုံးသူတွေအတွက် Odeo ဖြစ်စေ ကိုလည်းသုံးနိုင်ပါတယ်။ မိမိရဲ့ကွန်ပြူတာမှာမဟုတ်ဘဲ၊ တခြားမှာ ပေါ့ဒ်ကတ်စ်ကိုနားထောင်ချင်ရင် MP3 player လို  အိတ်ဆောင် မီဒီယာဖွင့်စက်လေး (portable media player)တွေထဲကို ကူးယူဖ့ို လိုပါတယ်။ အဲဒီ့လို ကူးယူဖို့အတွက် မိမိအသုံးပြု နေတဲ့ ပေါ့ဒ်ကတ်စ်ဆော့ဖ်ဝဲရဲ့ အသုံးပြုနည်းနာတွေမှာ ကြည့်စေလိုပါတယ်။

ပေါ့ဒ်ကတ်စ်ကို ဘယ်လို မှာကြားရမလဲ?

ပေါ့ဒ်ကတ်စ်မှာကြားတဲ့ ဆော့ဖ်ဝဲလ်ကို ကွြန်ပူတာမှာ ဒေါင်းလုတ်ထည့်သွင်းပြီးတဲ့အခါ မှာ (RFA) မြန်မာပိုင်းအစီအစဉ်ရဲ့ ပေါ့ဒ်ကတ်စ်လိပ်စာ(URL)ကို မိမိသုံးမယ့် ဆော့ဖ်ဝဲထဲကို ကူးယူရပါမယ်။ အသုံးများတဲ့ ဆော့ဝဲတွေက Juice, iTunes, Odeo တိ့ု် ဖြစ်ပါတယ်။

အကူအညီလိုပါသလား?

(RFA)ရဲ့ ပေါ့ဒ်ကတ်စ်စနစ်နဲ့ပတ်သက်လို့  မေးစရာရှိရင် မှတ်ချက်ပေးလိုရင်   burweb@rfa.org ကို စာရေးဆက်သွယ်နိုင်ပါတယ်။

ကွန်မင့်များ (20)
Share

Radio ခ်စ္သူ

နေရပ်- Yangon

iPhone podcasts နဲ့ ယူရင် ထုတ်လွှင့်ချိန် ၅ ခုလုံးကိုတစ်ခါထဲယူသလိုဖြစ်နေပါတယ်။ ထုတ်လွှင့်ချိန်တစ်ခုထဲကိုဘဲရွေးယူလို့ရမလား? ခင်ဗျာ။ ဥပမာ BBC,VOA တို့လိုပေါ့ဗျာ။
တိုင်းရင်းသားဘာသာအစီအစဉ်လေးကလည်းကောင်းပါတယ်။သက်ဆိုင်ရာဘာသာစကားနားမလည်တော့ကျော်ကျော်ပြစ်နေရတာတော့ရှိပါတယ်။
RFA ရဲ့ သတင်းတွေ၊အစီအစဉ်တွေ အားလုံးအတွက်ကျေးဇူးတင်ပါတယ်။

Mar 24, 2018 12:48 AM

phyo lwin

နေရပ်- TAZE

ကျွန်တော်အသက် ၁၄ နှစ်လောက်ကနေနားထောင်နေမိတာ ယနေ့ထိနှစ်သက်စွာနားသောတဆက်နေဆဲပါဗျာ။

Jan 24, 2017 07:01 AM

အောင်မြင့်ထွန်း

နရေပျ- အမှတ် ၄ ၊ ပခုက္ကူ မြို့

အရင်က rfa radio ကို burmese radio application နဲ့ နားထောင်နေတာပါ အဲဒီမှာ ထုတ်လွှတ်ပြီးတာနဲ့ နားထောင်လို့ရပါတယ်
ဥပမာ မနက် ၇ နာရီသတင်းနားထောင်မယ်ဆိုရင် ၇ နာရီပြီးတာနဲ့ နားထောင်လို့ရပါတယ် အခုမရဘူး ဖြစ်နေလို့ပါ
ဘယ်လိုလုပ်ရင် ရပါမလဲဗျာ
နည်းလမ်းလေးပေးစေချင်ပါတယ် ခင်ဗျာ

Oct 11, 2015 09:19 PM

အမည္မေဖာ္လိုသူ

နေရပ်- ေနရပ္မေဖာ္လိုပါ

RFAသတင်းများအားလုံးကြိုက်နှစ်သက်ပါတယ်ကျေးဇူးတင်ပါတယ်RFA

Jun 24, 2015 10:57 PM

မောင်လွင်

နရေပျ- ၇န်ကုန်

RFA ကို နားဆင်၇တာကြိုက် ပါတယ် အားပေးပါတယ်..အဆင်ပြေပါတယ်..ကျေးဇူးတင်ပါတယ်..

Mar 13, 2015 06:08 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့