အမျိုးသမီးများ အကြမ်းဖက်ခံရမှု အမျိုးသမီးအဖွဲ့များ ကန့်ကွက်

2015-03-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ်ထားတဲ့သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ်ထားတဲ့သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်
Photo: Thiha Tun, Kyaw Lwin Oo/RFA

မြန်မာနိုင်ငံ အလုပ်သမား နဲ့ကျောင်းသားဆန္ဒပြပွဲတွေမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို အစိုးရက အကာအကွယ် မပေးဘဲ ကိုယ်တိုင်ပါဝင် ကျူးလွန်ခဲ့တဲ့ ပုံစံတွေ မြင်တွေ့ရခဲ့ကြောင်း ၊ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်း ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အမျိုးသမီးအဖွဲ့အစည်းတွေ က ကြေညာလိုက်ပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အစိုးရက အကြမ်းဖက်ဖြိုခွင်း တာတွေဟာ လူ့အခွင့် အရေးချိုးဖောက်နေ တာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

အဲ့ဒီ အကြမ်းဖက်မှုတွေမှာလဲ စွမ်းအားရှင်လို့ခေါ်တဲ့ အရပ်သားတွေကို အသုံးပြုခဲ့တာတွေက အမျိုးသမီးတွေ အပေါ် မြန်မာအစိုးရရဲ့ အကြမ်းဖက်မှု သဘောထားကို ပြသလိုက်တာဖြစ်ကြောင်း နဲ့ဒီကိစ္စရပ်တွေကို ထိထိ ရောက်ရောက် ဖြေရှင်းပေးဖို့ အမျိုးသမီးအဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။

ဒီအကြောင်း ဒေါ်ခင်ခင်အိက တင်ပြပေးမှာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့