ဗန်းမော်မြို့မှာ အမျိုးသမီး ၃၀၀ ကျော် ဆန္ဒပြ

2015-05-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ အမျိုးသမီး ၃၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အမျိုးသမီးတွေရဲ့ဘဝ လုံခြုံမှုမရှိတဲ့အတွက် အခုလိုဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဗန်းမော်ခရိုင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အမျိုးသမီး တာဝန်ခံ ဒေါ်ထွယ်ဆန်ရော် က ပြောပါတယ်။

"ကျမတို့ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်က အသက် ၇၃ နှစ်ရွယ်အဖွားကို ခမရ ၄၃၈ က တပ်သားဇော်မျိုးအေး က မုဒိန်းကျင့်သတ်ဖြတ်ဖို့ ကြိုးစားတဲ့အမှုကို ကျမတို့ အရပ်ဘက် တရားရုံးကိုလွှဲပေးဖို့အတွက် တောင်းဆိုတဲ့ ဆန္ဒထုတ်ဖော် ပွဲလေးဖြစ်တယ်၊ အသက် ၇၃ နှစ်အရွယ်ရှိတဲ့ အဖွားတောင်လုံခြုံမှုမရှိတဲ့ ကျမတို့ အမျိုးသမီး ဘဝအတွက် လုံခြုံမှုအတွက် ကျမတို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်"

မိုးမောက်၊ မန်စီ၊ ဗန်းမော်မြို့နယ်က အမျိုးသမီး ၃၀၀လောက်ဟာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ရပ်တန့် ဖို့နဲ့ အဓမ္မပြုကျင့်မှုတွေ ရပ်တန့်ဖို့ စတဲ့ ပိုစတာတွေ ကိုင်ပြီး ဗန်းမော်မြို့ ရောဘတ်နှစ်ခြင်းအသင်းတော် ဘုရား ရှိခိုးကျောင်းကနေ မြို့တစ်ပတ် လှည့်လည်ပြီး တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့