အမှန်သိချင်ရင် စုံစမ်းရေးသားနိုင်တယ်လို့ ဝန်ကြီးပြော

2014-09-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စက်တင်ဘာလ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ ကျမ်းသစ္စာ ကျိန်ဆိုစဉ်
စက်တင်ဘာလ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ ကျမ်းသစ္စာ ကျိန်ဆိုစဉ်
Photo: Myo Thant Khaing/RFA

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ပိုင်ဆိုင်မှုတွေသိချင်ရင် မီဒီယာတွေအနေနဲ့ စုံစမ်းထောက်လှမ်းပြီး  ဖော်ထုတ်ရေးသား တိုင်ကြားနိုင်တယ်လို့ ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်နဲ့ အတူ ကျမ်းသစ္စာကျိန်ဆိုအပြီး မီဒီယာတွေနဲ့တွေ့ဆုံရာမှာ ဝန်ကြီးဦးရဲထွဋ်က အခုလို ပြောကြားခဲ့တာပါ။

"ကျျနော့်ရဲ့ ပိုင်ဆိုင်မှုကို သိချင်လို့ရှိရင် ဥပဒေကြောင်းအရ တောင်းဆိုမှပဲရမယ်၊ ဆိုပါစို့ ခင်ဗျားတို့ အဂတိလိုက်စားမှု ကော်မရှင်ကို ခင်ဗျားတို့ အထောက်အထားရှိရင်တိုင်၊ ဒါမှမဟုတ် ကျနော် အဂတိလိုက်စားတယ် ထင်လို့ရှိရင် ခင်ဗျားတို့ Eleven အနေနဲ့ ဖွင့်ချပြီးတော့ရေး၊ အဲ့ဒီအခါကျရင် ကျနော် ဥပဒေဘက်ကနေ ရင်ဆိုင်ဖို့အသင့်ပဲ၊ ဥပဒေအရမဟုတ်ဘဲ ကျနော်လည်း ဆောင်းပါးတစ်ပုဒ်ရေးပြီးတော့မှ Eleven Media အုပ်စုထဲမှ အစုရှယ်ယာတွေ ဘယ်သူပါသလဲ၊ နေ့စဉ်အရှုံးခံမထုတ်နိုင်အောင် ဘယ်လိုများ ရပ်တည်နေပါသလဲလို့ ကျနော်မေးဖူးရင် ဘယ်တရားမလဲ၊ ဒါခင်ဗျားတို့ရဲ့ လုပ်ပိုင်ခွင့်ပဲကိုး၊ ဒါကြောင့်မို့ ကျနော်တောင်းဆိုရင်လည်း မတရားဘူး၊ ခင်ဗျားတို့လည်း အဲ့လိုရေးနေမယ့်အစား ကျနော်တို့ပစ္စည်းတွေကို ထုတ်ပြပြီးတော့ လိုအပ်တဲ့ အကြောင်းအခြင်းအရာတွေရှိရင် အဂတိလိုက်စားမှု ကော်မရှင်ကိုလည်း တိုင်နိုင်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့ကလည်း Investigate Journalism အနေနဲ့ စုံစမ်းထောက်လှမ်းတဲ့ စာနယ်ဇင်းအတတ်ပညာနဲ့ ကျနော့်ကို ရေးနိုင်ပါတယ်၊ မှန်ရင်လည်း ကျနော်ခံသွားမှာပေ့ါ၊ မမှန်ဘူးဆိုရင်လည်း ကျနော် ဥပဒေအကာအကွယ်ယူပြီး ကာကွယ်မှာပေါ့"

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ခဲ့တဲ့ အလဲဗင်းသတင်းစာပါ '' ဦးရဲထွဋ်တုံ့ပြန်၍ ဦးခင်အောင်မြင့် ကိုယ်စား ကျွန်တော်ပြောချင်သည်'' ဆောင်းပါးမှာ ဝန်ကြီးဦးရဲထွဋ်ရဲ့ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဝေဖန်ရေးသားခဲ့တယ် လို့လည်း သိရပါတယ်။

ကွန်မင့်များ (4)
Share

မျက်နှာပြောင်တိုက်

နေရပ်- အ၇ွက္မ၇ွိ

ပွဲဈေးတန်းထဲမှာ ဆီးသီးဗန်း မှောက်ကျသလိုပဲ။ သူက ဆီးသီးရောင်းမလို့ ဆီးသီးဗန်းနဲ့ သွားတာပဲ။ မှောက်လည်း မှောက်ရော ဟိုလူက တစ်ဆုပ်ပ်နှိုက်စား ဒီလူက တစ်ဆုပ်နှိုက် စားနဲ့ တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘတ်ဂျက်ကိစ္စက အဲဒီလို ဖြစ်နေတာပေါ့”ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်
အာဏာ အလွဲသုံးစား လုပ်လာတာ အင်အားသုံး တာ အနိုင့်ကျင့် တာ။ပြည်သူ့ဘဏ္ဍာ တွေကိုအလကားယူတယ်ခိုး တယ် ဆိုတာ မြန်မာပြည် ယဉ်ကျေးမှု ဖြစ် နေ ပါတယ်။

Sep 24, 2014 04:04 AM

အောင်တင်

ဦးနုကတော့ ဝန်ကြီးမဖြစ်ခင်ကထက် ဝန်ကြီးဖြစ်ပြီးနောက် တစ်ကျပ်ပိုချမ်းသာရင် ကျုပ်ကို သူခိုးလို့ ကြေညာပါလို့ ပြောခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းဆိုရင်လည်း ဇနီးဒေါ်ခင်ကြည်ကို ဘယ်သူပေးတာမှ မယူဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားသလို၊ သူ့ကိုယ်ရံတော်ရဲဘော်ကို ဒေါ်ခင်ကြည်က အလုပ်ခိုင်းရမလားဆိုပြီး ဒေါ်ခင်ကြည်နဲ့ ပြသနာအကြီးအကျယ် ဖြစ်ခဲ့ရသေးတယ်။
သမိုင်းတွေက မယုံကြည်နိုင်စရာ ပုံပြင်တွေဖြစ်ကုန်ပြီ။
အလိမ်အညာတွေက သမိုင်းဖြစ်လာပြီ။

Sep 23, 2014 04:26 PM

အမည်မဖော်လိုသူ

နေရပ်- ဘ ရ မ္း ဘ တာ အစိုးရ

အမှန် ကို သိပါတယ်။
အားလုံးထောက်ပြနေကြတဲ့ သမ္မတရဲ့အဓိကအားနည်းချက်က လာဘ်စားနေတဲ့ဝန်ကြီးတွေကို လုံးဝအရေးမယူတာပါပဲ။
တိုင်းပြည်ရဲ့ဘဏ္ဍာငွေ နစ်နာပါတယ်။ ပြည်သူရဲ့ချွေးနဲစာနဲ့ယူထားတဲ့ငွေတွေကို ဗုံးပေါလအော သုံးချင်တိုင်းသုံးစွဲချင်တိုင်းစွဲတာဟာ တော်တော်ကြီးဆိုးပါတယ်။
မတရားလုပ်တဲ့သူတွေဟာ တစ်ဘ၀ စံတွေပါ
အိမ်အောက်တွေမှာ ခွေးအဖြစ်နဲ.ရောက်လာတော့မှာပါ XX င်သောင်းကတော့ ဝဲအစွဲဆုံး ခွေးကြီး အဖြစ်နဲ.ပေါ့။

Sep 23, 2014 08:05 AM

Pyay Aye

နေရပ်- Myanmar

တစ်သက်လုံး စားထားတာ အကုန် ဖွက်ပြီးပြီဆိုတော့ ရဲရဲပြောရဲပြီပေါ့၊ အဲဒီလိုဆိုရင် တစ်ချိန်တုန်းက လွှတ်တော်မှာ ပိုင်ဆိုင်ပစ္စည်း ကြေငြာဘို့ တင်တော့ ဘာဖြစ်လို့ ပယ်ခဲ့သလဲ။

Sep 22, 2014 08:41 PM

ဆိုက်တခုလုံးသို့