အမေရိကန် ပိတ်ဆို့ဒဏ်ခတ် မှုတွေ များများစားစား ပြောင်းလဲ ဘွယ်မမြင်

2015-12-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်မည့် Scot Marciel ကို တွေ့ရစဉ်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်မည့် Scot Marciel ကို တွေ့ရစဉ်
Photo: US State Department

မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲတစ်ရပ် အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပေမယ့်  အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကတော့ ကြီးကြီးကျယ်ကျယ်ပြောင်းလဲသွားဘွယ် မမြင်ဘူးလို့ ရှေ့နှစ်ခန့် အပ်မယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် သမ္မတ အိုဘားမားက ရွေးချယ်ထားသူ  Mr Scot Marciel   က ပြောကြားလိုက်ပါတယ်။

သူဟာ လောလောဆယ်မှာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းခဲ့ဘူးသူဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဘာမှအပြောင်းအလဲ မမျှော်လင့်သလို ပြောင်း လဲပေးဖို့ ထောက်ခံတင်ပြစရာလည်း မမြင်မိသေးဘူးလို့  ပြောပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေဆိုတာ ရည်မှန်းမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ပေါ်ထွက်လာရေးအတွက် အထောက်အကူ အင်မတန်ဖြစ် တယ်လို့လည်း သူကပြောသွားပါတယ်။

ကွန်မင့်များ (1)
Share

မျိုးမြန်မာ

နရေပျ- ထိုင်းနိုင်ငံ

အမေရိကန်ကို အားကိုးမှန်းသိတော့ ဈေးကိုင်ပြီး သူတို့လိုရာဆွဲတော့မယ့် အရိပ်ပြစကားလို့ ခံယူမိတယ်။ အမေရိကန်လွှတ်တော်အမတ်တချို့က မြန်မာပြည်ကို ပိတ်ဆို့မှုတွေ လျော့ပေါ့ပေးဖို့ ပြောနေတဲ့အချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးဖြစ်တော့မယ့် အမေရိကန်နိုင်ငံ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက စကားကန့်လန့်တိုက်ပြောနေပါလား။ နိုင်ငံရေးလှည့်ကွက်လို့ ယူဆမိတယ်။ အမေစုရဲ့ မြန်မာ့ရိုးရာအခြေခံသော နိုင်ငံရေးလှုပ်ရှားမှုတွေကို လက်ခံတယ်။ အမေရိကန်တွေရဲ့ အနောက်တိုင်းရိုးရာအခြေခံသော နိုင်ငံရေးလှုပ်မှုတွေကိုတော့ လက်ခံဖို့ မဖြစ်နိုင်။ အမေစုကို သွေးတိုးစမ်းနေတာလားပေါ့။ အမေစုအနေနဲ့ ဒီသံအမတ်လောင်းကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ရအုံးမှာပေါ့။ အစွမ်းပြပေတော့ အမေစုရေ။ မြန်မာကွ

Dec 02, 2015 08:39 AM

ဆိုက်တခုလုံးသို့