ရွာသားတွေ ရိုက်နှက်ခံရမှု တအာင်း အမျိုးသမီးအဖွဲ့ သတင်းစာ ရှင်း လင်းပြောကြား

2016-01-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပလောင်ဒေသက ဒေသခံတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းတို့ ဇန်နဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
ပလောင်ဒေသက ဒေသခံတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းတို့ ဇန်နဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်
Photo: Zarni Htun/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အစိုးရ တပ်မတော်နဲ့ ပန်းဆေးဌာနေပြည်သူ့ စစ်အဖွဲ့တို့က ဒေသခံရွာသူရွာသားတွေကို ဖမ်းဆီးရိုက်နှက်တာတွေ ရှိတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ဒီနေ့ ပြောပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းနဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့က ပလောင်ဒေသမှာ ဒေသခံတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က Orchid Hotel မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

နမ့်ခမ်းမြို့နယ်မှာ နေအိမ်ဖျက်ဆီးခံရတာတွေ၊ အကြမ်းဖက်ရိုက်နှက်ခံရတာတွေရှိနေကြောင်း တအာင်းအမျိုးသမီးအဖွဲ့ အစည်းရဲ့ အထွေထွေအတွင်းရေးမှူး မလိုည်း (လွေး) ပိုးငယ် က အခုလို ပြောပါတယ်။

"သူတို့ကရွာထဲမှာ ဝင်လာသမျှလူတွေ ရွာသားတွေအပါအဝင် ၇ဝ ကိုဖမ်းပြီးတော့မှ ၂၄ ရက်နေ့မှ ပြန်လွှတ်ပေး လိုက်တာတော့မဟုတ်ဘူး၊ သူတို့ထွက်သွားလို့ လွတ်လာတဲ့ သဘောရှိတယ်၊ ရွာသားတစ်ယောက်ကိုလဲ ရိုက်နှက်နှိပ်စက်တာပေါ့နော်၊ အဲ့လိုကိစ္စ တွေကိုကြည့်မယ်ဆိုရင် မင်းမဲ့စရိုက်တအားဆန်တာပေါ့နော်၊ အစိုးရတပ်မတော် သာမက ပြည်သူ့စစ်ကပါ ဝိုင်းဝန်းပြီးတော့ ပြည်သူလူထုကို နှိပ်စက်နေတဲ့အတွက် ဒါဟာမတရားဘူး၊ ဒီလိုမတရားတာကို ကျမတို့ ကဖော်ထုတ်မှာဖြစ်တယ်"

အစိုးရတပ်မတော် တပ်ရင်း ၃၂၄ နဲ့ ပန်းဆေးဌာနေပြည်သူ့စစ်တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၃ရက်နေ့ကစပြီး နမ့်ခမ်းမြို့နယ် စေကင်း၊ မန့်ပန်၊ မန်ပူး၊ ပန်ယုတ် စတဲ့ ကျေးရွာတွေက ဒေသခံတွေကို ရိုက်နှက်တာ၊ ရွာခံတွေကို ဖမ်းဆီးသွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီလိုလူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့နဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ ညှင်းပန်းနှိပ်စက်တာ၊ အတင်းအဓမ္မ ပစ္စည်းလုယူတာတွေ ထမ်မံမပြုလုပ်အောင် တားမြစ်ပေးဖို့ တအာင်းအမျိုးသမီးအဖွဲ့ အစည်းနဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ က ကြေညာချက်ထုတ်လိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်ရိုက်နှက်ခံခဲ့ရတဲ့ စေကင်းရွာသား ၃ ဦးလည်း တက်ရောက်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (2)
Share

ငြိမ်းချမ်းရေးအတွက်CSOဆိုသည်မှာ

CSOလို့ပြောရင် ပြည်သူအကျိုးအတွက်ဘက်
မလိုက်ပဲပြောရဲရမယ်။ယင်းနယ်မြေများမှာ
ခေါင်းစဉ်မျိုးစုံနဲ့တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့မျိုးစုံရှိနေသမျှယင်းကဲ့သို့ကိတ်စများ ဆက်ရှိနေမှာပဲလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း မှအေးချမ်းမှာ။ဒါကြောင့်ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းတွေကိုလည်း လက်နက်စွန့်ငြိမ်းချမ်းရေးမှာပါ။ဒေသဖွံဖြိုး
ရေးလုပ်ဖို့တောင်းဆိုရမယ်သူပုန်အနိုင်ကျင့် ရင်ငြိမ်နေပီး အခုလိုကျမှထအော်တာလည်း မဖြစ်သင့်ဖူး။ဒါမှCSOအခန်းကအနှစ်သာ ရရှိ မှာ။

Jan 06, 2016 09:03 PM

ဘက်လိုက်မူကင်းပါစေ

ကေအိုင်အေအပါအဝင်TNLAတွေ ရွာသား တွေကို အတင်းအဓမ္မခေါ်ဆောင်ပီး စစ်သား စုဆောင်းတာကြတော့အသံမထွက်ရဲ
ကြပဲ အခုမှအသံထွက်တာတခုခုတော့ တခု ခုပါပဲ။ယင်းလုပ်ရပ်များ(လုပ်လုပ်မလုပ်လုပ်) ကိုဘယ်သူ လုပ်လုပ်လက်မခံဖူးဆိုရင် ဘယ်အဖွဲ့စည်း လုပ်လုပ်မှန်ကန်စွာ ပြောရဲရပါမယ်။ဒေသခံ တွေလူအခွင့်ရေး ချိုးဖောက်ခံတာက ယင်းဒေ သခံတိုင်းရင်းသားအဖွဲ စည်းများ ကြောင့်ဖြစ် တာအများဆုံးပါမှန်ကန်မျှတဘက်မလိုက်စွာ ပြောမှမည်သည့်အဖွဲစည်းမှနောက် နောင်မ လုပ်မှာဖြစ်ပါတယ်

Jan 05, 2016 08:27 PM

တရားမျှတမူ၊လွတ်​လပ်​မူဟူသည်

အပေါ်ကပြောသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေဖြစ်တဲ့ KIA/TNLAစတဲ့ လက်နက်ကိုင်အဖွဲ့စည်းများက ဒေသခံရွာသားတွေကို အတင်းစစ်သားစုဆောင်း ဖမ်းခေါ်၊ဆက်ကြေးတွေအတင်းကောက် စသည့် လူ့အခွင့်အရေးချိုးဖောက်နေတာတွေကြတော့ အခုလို သတင်းစာရှင်း လင်းပွဲလုပ်ပြီးမှန်၂ကန်၂ဘာလို့မပြောရဲတာလဲ၊အမှန်တရားကိုလိုခြင်ရင် မှန်ကန်သည့်ဘက်မလိုက်သည့်လုပ်ရပ်ကို ရိုးသားစွာ လုပ်ရဲရမည်။

Jan 06, 2016 07:58 PM

ဆိုက်တခုလုံးသို့