မြင်းခြံခရိုင် ဗကသကျောင်းသားတွေ တရားရုံးရှေ့မှာ ဆန္ဒပြ

2015-05-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြင်းခြံခရိုင်တရားရုံးပုံ
မြင်းခြံခရိုင်တရားရုံးပုံ
Photo: RFA

လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှု ကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေ နဲ့ ဝန်းရံကြသူ ၆ ဦးကို ဒီနေ့ မြင်းခြံခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် မြင်းခြံခရိုင် ဗကသများအဖဲ့ွချုပ် ဝင် ကျောင်းသား ၅ဝ ကျော်က တရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ကူညီဝန်းရံသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုတာ ဖြစ်တယ်လို့ မြင်းခြံခရိုင် ဗကသများအဖဲ့ွချုပ်အဖဲ့ွဝင် မြင်းခြံနည်းပညာ ကော လိပ်ကျောင်းသား ကိုဇော်မိုးထက်က ပြောပါတယ်။

"တခြားရုံးချိန်းတွေမှာဆိုရင်တော့ ကျနော်တို့ရဲဘော်တွေနဲ့ ကောင်းကောင်းမွန်မွန် စကားပြောခွင့်ရတယ်၊ အခုတစ်ခါမှာတော့ ကောင်းကောင်းမွန်မွန် စကားပြောခွင့်မရဘူး၊ ရုံးထဲကထုတ်လာပြီးတော့ ၂ မိနစ်လောက်နဲ့ တန်းပြီးတော့ကားပေါ်တင်ပြီး တန်းမောင်ထွက်သွားတယ်ဗျ၊ သူတို့ဖမ်းသွားကတည်းက ပုဒ်မ ၁၈ နဲ့ဆိုပြီး မတရားတဲ့ပုဒ်မနဲ့ ဖမ်းသွားတယ်၊ အခုအချိန်အထိ ကျနော်တို့ရဲ့ရဲဘော်တွေကို စစ်ဆေးခြင်းမရှိဘူး၊ နေ့တိုင်းရမန်ယူပြီးတော့ချုပ်ထားတယ်၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက ရိုးသားမှုမရှိဘူး၊ ကျနော်တို့ တရားရုံးရှေ့မှာ ကျနော်တို့ရဲ့ရဲဘော်တွေကို လွှတ်ပေးဖို့ရယ်၊ ကျနော်တို့ရဲ့ ဒီပညာရေးဥပဒေကို ပြင်ဆင်နိုင်ဖို့ရယ်၊ ကျောင်းသားသမဂ္ဂ လွပ်လပ်စွာဖွဲ့စည်းခွင့်ရဖို့ရယ်၊ မတရား စွဲဆိုထားတဲ့ ပုဒ်မတွေပယ်ဖျက်ဖို့ တောင်းဆိုတယ်"

မြင်းခြံခရိုင်တရားရုံးက လာမယ့် မေလ ၂၅ ရက်ကို ရုံးချိန်းသတ်မှတ်ပေးလိုက်ပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို မန္တလေးနည်းပညာကောလိပ်၊ တောင်ငူဒီကရီကောလိပ်၊ မန္တလေးရတနာပုံတက္ကသိုလ် ၊ ကျောက်ဆည်ဒီဂရီကောလိပ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသအဖဲ့ွဝင်တွေက လာရောက်ပူးပေါင်းဆန္ဒပြခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က မြင်းခြံမြို့မှာဆန္ဒပြခဲ့တဲ့ ကိုဉာဏ်မြင့်သန်း၊ ကိုသန့်ဇင်၊ ကိုစည်သူမြတ်၊ ကိုကျော်သန်းထွန်း၊ ဦးစိန်မြင့်နဲ့ မဖြူတို့ကို ပုဒ်မ ၅ဝ၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေးမှာပါဝင်မှု၊ လူစုခွဲဖို့ကြေညာတာကို လက်မခံမှု စတဲ့ ပုဒ်မ သုံးခုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

Myo Khin

နေရပ်- Myanmar

ဘယ်လောက်ပဲ ဆန္ဒပြပြ မျက်စေ့မှိတ် ပြီး နားပိတ်ထားမှာပဲ။

May 16, 2015 08:07 PM

ဆိုက်တခုလုံးသို့