သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-19
နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ရက္ခိုင့်တပ်တော် AA ကိုအရေးယူ ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အောက်တိုဘာ ၁၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2019-10-19
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုမှာ RCSS က တပ်သားသစ် အယောက် ၃၀ ကျော်ကို လာ ရောက်စုဆောင်းခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
2019-10-19
ရခိုင်ပြည်နယ် မင်းပြားမြို့က စစ်ဘေးဒုက္ခသည်တွေကို လှူဒါန်းဖို့သွားရောက်ကြစဉ် တားမြစ်ခံရတဲ့ ပခုက္ကူကျောင်းသားမဂ္ဂအဖွဲ့ဟာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ ခွင့်ပြုချက်နဲ့ အမ်းမြို့ကနေ ဆက်လက်ထွက်ခွာနေပြီဖြစ်ပါတယ်။
2019-10-19
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြိန်းတောကုန်းတန်း(ခေါ်)ရက်ခုန်းတိုင်ကျေးရွာမှာရှိတဲ့ အစိုးရ စာသင်ကျောင်းနဲ့ ကျေးရွာစာသင်ကျောင်းတွေကို တပ်မတော်စစ်ကြောင်းတစ်ခုက အကာ အကွယ်ယူပြီး ယာယီစခန်းချခဲ့ရာမှာ ပျက်စီးဆုံးရှုံးမှုတွေရှိကြောင်း ကျေးရွာသားတွေက ဒီနေ့မနက်က ပြောပါတယ်။
2019-10-19
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနဲ့ ဝေသာလီကျေးရွာတွေမှာ ဒီမနက်ပိုင်း ၆ နာရီ လောက်ကစပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားရာ ဒေသခံတွေ ထွက်ပြေးရင်း ကလေး နှစ်ဦး ရေနစ်သေဆုံးခဲ့ရပါတယ်။
2019-10-18
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော် အမတ်တွေ ကြည့်ရှုခွင့်မရတော့တာကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ ပွင့်လင်းမြင်သာမှုကို လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းထုတ်လာကြပါတယ်။
2019-10-18
တရုတ်နယ်စပ် ရွှေလီချိုင့်ဝှမ်းတလျှောက်က မြန်မာပိုင်နက်ထဲကို တရုတ်နိုင်ငံက ကျူးကျော် ဝင်ရောက်ပြီး မြေသား မြောင်းတူးတာတွေကို ပြည်ထောင်စု အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ နမ့်ခမ်းမြို့နယ်အခြေစိုက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
2019-10-18
ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောဆိုခဲ့တာကို အစိုးရက အခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အခြေခံနှင့် အဆင့်မြင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီက မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-10-16
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ သူရဦးရွှေမန်း ယာဉ်မောင်းက တရားစွဲထားတဲ့ကိစ္စမှာ ပြစ်မှုမမြောက်တာကြောင့် တရားစွဲတင်မှာ မဟုတ်ကြောင်း ဒုတိယရဲအုပ် ဇော်လင်းထက်က ပြောပါတယ်။
2019-10-16
လောက်ကိုင်မြို့မှာ တရားမဝင် ဝင်ရောက်လာတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၁၇ ဦးကို မနေ့က ဖမ်းဆီးလိုက်ပြီး အဲဒီထဲက ငါးဦးဟာ ရဲယူနီဖောင်းတွေ၊ လက်နက်အတုတွေ ဝတ်ဆင်ကိုင်ဆောင်ထားကြောင့် ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့ အရေးယူထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင်က ပြောပါတယ်။
2019-10-16
ကချင်ပြည်နယ် မိုးညှင်းခရိုင် KIA တပ်ရင်း ၅ လက်အောက်ခံ ခေါင်မြေတပ်စခန်းအနီးမှာ အစိုးရတပ် မတော်နဲ့ KIA တို့ ဒီမနက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2019-10-16
ရခိုင်ပြည်နယ် ကျောက်တော်မြို့ လူစည်ကားတဲ့ နေရာတွေမှာ မူးယစ်ဆေးဝါးရောင်းချ၊ သုံးစွဲသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်ဆိုတဲ့ သတိပေးစာတွေ ကပ်ထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2019-10-16
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု မန်ကောင်းကျေးရွာသူကြီးကို လက်နက်ကိုင် တစ်ဦးက သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားခဲ့ပါတယ်။
2019-10-14
တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ဖို့အတွက် စက်တင်ဘာလ ၂၅ ရက်နေ့က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့(UNESCO) ထံ အဆိုပြုစာတွဲမူကြမ်းတင်သွင်းထားပြီး ဖြစ်ပါတယ်။
2019-10-14
မနေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ လွယ်ပျက်ရွာအနီး မြေမြှုပ်မိုင်းပေါက်ကွဲမှု တစ်ခုအတွင်း သံဃာတော် သုံးပါး ဒဏ်ရာရသွားပါတယ်။
2019-10-14
၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုနဲ့ ပတ်သက်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စတင်စဉ်းစားနေပြီဖြစ်ပါတယ်။
2019-10-14
ကရင်ပြည်နယ် ဘားအံမြို့နယ် ဘင်ဂျီကျေးရွာ နယ်နိမိတ်အတွင်းမှာ အစိုးရက သိမ်းထားတဲ့မြေတွေထဲက မြေဧက ၁၅၀ ကို ပြန်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။
2019-10-13
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ယခင်အုပ်ချုပ်ရေးမှုး လုပ်ကြံခံရမှုအတွက် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရသူရဲ့ မိသားစုနဲ့ ရှေ့နေက စစ်တွေခရိုင်တရားရုံးရဲ့ စီရင်ချက်ဟာ မှန်ကန်မျှတမှု မရှိဘူးလို့ ပြောလိုက်ပါတယ်။
2019-10-13
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာကို မနေ့က ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းက လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်လို့ ဆိုတဲ့ ဒေသခံ အမျိုးသမီး ရှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက် ထွက်ပြေး လွတ်မြောက်လာတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
2019-10-13
မန္တလေးတိုင်း ဇီးပင်ကြီးသင်တန်းကျောင်းကနေ မြောက်ဦးကို ပြန်လာကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါလာတဲ့ ခရီးသည်တင်ကားကို AA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် သူတို့လွတ်မြောက်ရေး အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
2019-10-12
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆရာ၊ ဆရာမများနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ပြောဆိုခဲ့တဲ့ ပဲခူးတိုင်းဒေ သကြီး ဝန်ကြီးချုပ်ကို ပြင်းထန်စွာ ကန့်ကွက်လိုက်ပြီး အစိုးရက အမြန်ဆုံးအရေးယူပေးဖို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီက မနေ့က တောင်းဆိုလိုက်ပါတယ်။
2019-10-12
ကရင်ပြည်နယ် ဘားအံမြို့ ဘားကပ်၊ ရသေ့ပျံ၊ ကော့ရင်း၊ ပန်းကုန်း စတဲ့ကျေးရွာအုပ်စုတွေထဲက ကျေးရွာအတော်တော်များများက ဒေသခံတွေ သောက်သုံးနေတဲ့ ချောင်းနဲ့ ရေကန်ထဲက ရေတွေရဲ့အရောင်ဟာ ဒီရက်ပိုင်းအတွင်း မည်းနက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-10-11
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်မှာ ရက် ၇၀ အတွင်း မြေမြှုပ်မိုင်း၊ တိုက်မိုင်းတို့ကြောင့် အရပ်သား လေးဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
2019-10-11
အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ (က)နဲ့ စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကိုစည်သူအောင် သွေးအန်နေတာ မသက်သာတာကြောင့် အထူးကု ဆရာဝန်နဲ့ ကုသခွင့်ရဖို့ မိသားစုဝင်တွေက ကြိုးစားနေပါတယ်။
2019-10-10
အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် အသုံးပြုမယ့် တရုတ်နိုင်ငံ ကူမင်း-မန္တလေး အမြန်ရထားလမ်း ဖောက်လုပ်ရာစီမံကိန်းလမ်းတလျှောက်မှာ တည်ရှိနေတဲ့ ကျေးရွာတွေက နေအိမ်နဲ့ မြေယာတွေ ဖယ်ရှားပေးရမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။
2019-10-10
မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂ UN အေဂျင်စီတွေ၊ နိုင်ငံတကာ အကူညီပေးရေးအဖွဲ့တွေအနေနဲ့ တိုင်းရင်း သားဒေသတွေမှာ ဖွံ့ဖြိုးရေးအကူညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကို အသိပေးပြီးမှ ဆောင်ရွက်ကြဖို့ ညွှန်ကြားတယ်လို့ သိရပါတယ်။
2019-10-09
နေပြည်တော် ဗစ်တိုးရီးယားအမှုမှာ သံသယတရားခံအဖြစ် ဖမ်းဆီးစွပ်စွဲခံထားရသူ ကိုအောင်ကြီးကို အာမခံပေးဖို့ သူရဲ့ရှေ့နေက တင်ပြခဲ့တာကို လက်မခံဘဲ ပ-လပ်ပေးဖို့ အစိုးရဥပဒေအရာရှိက ဒီကနေ့ တရားရုံးမှာ လျှောက်လဲချက်ပေးခဲ့ပါတယ်။
2019-10-09
ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့အဝင် ဈေးနားမှာ ဒီမနက်က တပ်မတော် ယာဉ်တန်း တိုက်ခိုက်ခံရပြီး တပ်မတော်သားအချို့ ကျဆုံးဒဏ်ရာရရှိခဲ့သလို အရပ်သား ခုနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-10-09
ပုသိမ်ကြီးမြို့နယ်က အောင်သပြေ ကျေးရွာမှာ မြန်မာလုပ်ငန်းရှင်နဲ့ တရုတ်လုပ်ငန်းရှင် ဖက်စက်ပိုင်လုပ်ဆောင်နေတဲ့ မြန်မာကွန့်ချ် (Myanmar Conch Cement) ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံတွေအနေနဲ့ လက်မခံနိုင်ကြောင်း အာဏာပိုင်တွေကို ပြောလိုက်ပါတယ်။
2019-10-09
သုံးနှစ်ကျော်ကြာ စစ်ဆေးခဲ့တဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ကြေးနီစီမံကိန်း ဆောင်ရွက်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဒေသခံတွေကြား အပြန်အလှန်တရားစွဲဆိုထားမှုကို ဒီနေ့ ဆားလင်းကြီးမြို့နယ်တရားရုံးမှာ အပြီးသတ်အမိန့်ချမှတ်ခဲ့ရာမှာ နှစ်ဘက်စလုံးက ဒဏ်ငွေ အသီးသီးပေးဆောင်ခဲ့ကြပါတယ်။