စစ်တွေမြို့ နှစ် ၁၉ဝ ပြည့်အခမ်းအနားကျင်းပ

2016-02-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
စစ်တွေမြို့ စတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း ၁၉ဝ ပြည့် အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပစဉ်
စစ်တွေမြို့ စတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း ၁၉ဝ ပြည့် အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ကို စတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း ၁၉ဝ ပြည့်အခမ်းအနားကို စစ်တွေမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

စစ်တွေမြို့နဲ့ပတ်သက်တဲ့ သမိုင်းဆိုင်ရာအချက်အလက်တွေကို လူငယ်တွေ သိရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပတာလို့ ကျင်းပရေးကော်မတီ ဥက္ကဌ ဦးကျော်ဇံမောင်က ပြောပါတယ်။

"လူငယ် နောင်မျိုးဆက်သစ်တွေဟာ ဒီလိုစစ်တွေမြို့ဟာ ဘယ်လို ဘယ်နေ့ ဘယ်ရက်မှာ တည်ခဲ့တယ်၊ ဘာတွေထူးခြားမှုရှိတယ်ဆိုတာကို သိရှိအောင် စစ်တွေမှာရှိတဲ့ အင်္ဂလိပ်ခေတ်က ထင်ရှားခဲ့တဲ့ အဆောက်အဦးတွေ၊ စစ်တွေမြို့ပေါ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်များရဲ့ သမိုင်းအကြောင်းအရာတွေ အကုန်လုံးကို ဗီနိုင်းနဲ့တင်ပြထားပါတယ်၊ ဒါတွေဟာ ရခိုင်ပြည်သူတွေကို အကုန်လုံးကို သိစေချင်တဲ့ရည်ရွယ်ချက် နဲ့ ဖော်ထုတ်ခြင်းဖြစ်ပါတယ်"

စစ်တွေမြို့ကို ၁၈၂၆ ခုနှစ်မှာ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့တွေက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒီနေ့ဆိုရင် နှစ်ပေါင်း ၁၉ဝ ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းတွေအရ အင်္ဂလိပ်နယ်ချဲ့တို့က စစ်တွေမြို့ကို စတင်တည်ထောင်ချိန်မှာ မိဇံရပ်ကွက် ကနေ စတင်ခဲ့တာကြောင့် ဒီနေ့ နှစ် ၁၉ဝ ပြည့် အခမ်းအနားကို မိဇံရပ်ကွက်မှာ ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီနေ့အခမ်းအနားမှာ ရပ်ကွက်အသီးသီးက ရိုးရာစည်တော်တွေကိုတီးခတ်ပြီး မြို့ကို လှည့်ပတ်ခဲ့ကြသလို အင်္ဂလိပ်ခေတ်က ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ အဆောက်အဦးတွေနဲ့ ရှားပါးဓာတ်ပုံတွေကိုလည်း ပြသထားပါတယ်။

မနက်ဖြန်မှာလည်း ရခိုင်ရိုးရာအကတွေနဲ့ ဆက်လက်ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့