အက်ဆစ်စက်ရုံ အနံ့ ဆိုးကြောင့် ကျောင်း သားတွေ ကျောင်းမတက်တော့

2016-06-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဆားလင်းကြီးမြို့ရှိ မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်ပိုင် ဆာလ်ဖျူရစ် အက်စစ်စက်ရုံကို တွေ့ရစဉ်
ဆားလင်းကြီးမြို့ရှိ မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်ပိုင် ဆာလ်ဖျူရစ် အက်စစ်စက်ရုံကို တွေ့ရစဉ်
Photo: Hset Paing Toe/RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးမှာရှိတဲ့ မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံ က ထွက်တဲ့ အနံအသက်ဆိုးတွေကြောင့် ကံကုန်းကျေးရွာက စာသင်ကျောင်းမှာ ကလေးငယ်တွေ ကျောင်းမတက် ဘဲ ခွင့်တိုင်ကြားကြပါတယ်။

ကံကုန်းကျေးရွာက အခြေခံပညာအဆင့် စာသင်ကျောင်းမှာ ကျောင်းသား ၈၀၀ ခန့်ရှိပြီး ဒီနေ့ ကျောင်းသား အားလုံးနီးပါး ကျောင်းမတက်နိုင်ဘဲ မိဘတွေက ခွင့်တိုင်ကြတာဖြစ်တယ်လို့ ကံကုန်းရွာသား ကိုတင့်အောင်စိုး က ပြောပါတယ်။

"အက်ဆစ်နံ့တွေ နံမှာစိုးလို့ မိဘတွေက ကျောင်းသားတွေကို ကျန်းမာရေးထိခိုက်မှာစိုးလို့ မတက်ကြတာဗျ၊ ခွင့်တိုင်ကြတယ်၊ ကျောင်းသား ၈ဝဝ လောက်ရှိတာကို ၉၆ ရာခိုင်နှုန်းလောက် မသွားဘူးဗျ"

အခုလ ၁၆ ရက်နေ့က စတင်ပြီး စက်ရုံကနေ အနံ့အသက်ဆိုးတွေ ထွက်နေတာဖြစ်ပြီး စာသင်ကျောင်းနဲ့ စက်ရုံဟာ ကိုက် ၂၀၀ သာဝေးတာကြောင့် ကလေးငယ်တွေ ကျန်းမာရေးထိခိုက်မှာကို မိဘတွေက စိုးရိမ်နေကြတာဖြစ် ပါတယ်။

ကံကုန်းကျေးရွာက အခြေခံပညာကျောင်းမှာ မူလတန်းကနေ ဒသမတန်းအထိ ပညာသင်ကြား နိုင်တာကြောင့် အနီးနားက ဂုံးတော၊ အေးကုန်း၊ ချောင်းဖြတ် စတဲ့ ကျေးရွာတွေက ကလေးငယ် တွေလည်း ကျောင်းလာရောက် တက်ကြတာဖြစ်ပါတယ်။

အက်ဆစ်နံတွေ ထွက်နေတာကို မခံနိုင်တာကြောင့် စက်ရုံရှေ့ကို ဒေသခံတွေက သွားရောက်ပြီး ကုမ္ပဏီတာဝန်ရှိ သူတွေကို တွေ့ဆုံခွင့်ရဖို့တောင်းဆို ခဲ့ပေမယ့် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူတွေက တွေ့ဆုံတာ မရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ကွန်မင့်များ (1)
Share

နာ ေ ခါင္းေတြ မပါ ၾကဘူး

တာဝန်ရှိသူတွေ နာ ေ ခါင်းတွေ မပါ ကြဘူး ထင်တယ်

Jun 20, 2016 07:36 PM

ဆိုက်တခုလုံးသို့