လက်ပတ်နီ အကြမ်းဖက်ဖြိုခွင်းမှု ၁ နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်

2016-03-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြသူတွေကို အစိုးရက လက်ပတ်နီဝတ်အရပ်ဝတ်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ၁ နှစ်ပြည့် အခမ်းအနားကို မတ်လ ၅ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြသူတွေကို အစိုးရက လက်ပတ်နီဝတ်အရပ်ဝတ်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ၁ နှစ်ပြည့် အခမ်းအနားကို မတ်လ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တက္ကသိုလ်ကျောင်း သားသမဂ္ဂအဖွဲ့ဝင် ၃ဝ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြသူတွေကို အစိုးရက လက်ပတ်နီဝတ်အရပ်ဝတ်တွေနဲ့ အကြမ်းဖက်ဖြိုခွင်း ခဲ့တာ ၁ နှစ်ပြည့်တဲ့အထိ ကျောင်းသားတွေ ဖမ်းဆီးခံထားရတာကြောင့် ဆုတောင်းပွဲပြုလုပ်ပြီး အခုလိုတောင်း ဆိုတာဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ကိုစိုးထက်ဦးက ပြောပါတယ်။

"မနှစ်က မတ်လ ၅ ရက်နေ့က ကျနော်တို့ ဒီလမှာ ပညာရေးသပိတ်စစ်ကြောင်းတွေကို အကြမ်းမဖက်ဖို့ ကျနော်တို့ တောင်းဆိုခဲ့တယ်၊ ကျနော်တို့က အကြမ်းမဖက်ဖို့ တောင်းဆိုခဲ့တာပါပဲ၊ အကြမ်းမဖက် ဖို့ တောင်းဆိုတဲ့ အခမ်းအနားမှာပဲ ကျနော်တို့ အကြမ်းဖက်ခံခဲ့ရတယ်၊ အဲ့ဒါကို ကျနော်တို့ အမြဲတမ်း မှတ်မိနေတယ်၊ မမေ့ဘူး အမြဲတမ်း သတိရနေတယ်ဆိုတာကို သူတို့အားလုံးသိစေဖို့အတွက် ကျနော်တို့ အခမ်းအနားလုပ်ခြင်းဖြစ်ပါတယ်၊ ပြီးတော့ နောက်တစ်ခုက ကျနော်တို့ ထောင်ထဲမှာရောက်နေ တဲ့ ကျောင်းသားရဲဘော်တွေ ရှိသေးတယ်၊ နိုင်ငံရေးအကျဉ်းသား အများကြီးရှိသေးတယ်၊ အဲ့ဒီ နိုင်ငံရေး အကျဉ်းသား ကျောင်းသားရဲဘော်တွေကို လွတ်မြောက်ဖို့အတွက် ဒီနေ့ ဆုတောင်းပွဲလုပ်တာပါ"

ပြီးခဲ့တဲ့နှစ် မတ်လ မတ်လ ၅ ရက်နေ့က တက္ကသိုလ်ကျောင်သားသမဂ္ဂအဖွဲ့တွေနဲ့ ဝန်းရံသူတွေက ပဲခူးတိုင်း လက်ပံတန်းမြို့ရောက်နေခဲ့တဲ့ ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြကျောင်းသားတွေကို အကြမ်းဖက်မဖြိုခွဲဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ရာမှာ လက်ပတ်နီဝတ်ထားသူတွေက အကြမ်းဖက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ဆုတောင်းပွဲကို တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ ရန်ကုန်မြို့ မြို့တော်ခန်းရှေ့မှာ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံကူညီသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ကဗျာဆရာတွေကလည်း ကဗျာတွေရွတ်ဆိုခဲ့ကြပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံကူညီသူတွေကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံပြည်သူတွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ၊ တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ (၁၈) တွေနဲ့ တရားစွဲခံထားကြရ ပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့