အတည်ပြုပြီးသား ဥပဒေ ၁၄ ခု ထိထိရောက်ရောက် ကျင့်သုံးနိုင်ရေး အဆိုတင်

2017-02-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ၅ နှစ်တာကာလအတွင်း အတည်ပြုခဲ့တဲ့ ဥပဒေ ၁၄ ခုကို ထိထိရောက်ရောက်ကျင့်သုံးနိုင်ဖို့ ပြည်နယ်အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးဖို့ ဒီနေ့  ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီအဆိုကို အမ်းမြို့နယ်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက တင်သွင်းခဲ့ တာဖြစ်ပြီး လက်ရှိလွှတ်တော်အနေနဲ့ ဥပဒေပြုရေးကဏ္ဍကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုကြောင်း တင်ပြခဲ့ပါတယ်။

"ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် ဥပဒေသစ်များအတည်ပြု ရေးဆွဲပြဌာန်းခြင်း မပြုလုပ်သေးမီ နည်းဥပဒေတွေကို ထိထိရောက်ရောက်ပြု လုပ်နိုင်ရန်အတွက် တင်ပြရခြင်းဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၅ နှစ်တာကာလမှာ ဥပဒေ ၁၄ ခုကို အတည်ပြုနိုင်ခဲ့ပေမယ့် အဲဒီဥပဒေတွေအတွက် နည်းဥပဒေတွေထွက်ပေါ်လာခြင်း မရှိသေးတာကြောင့် အသက်မဝင်သေးဘဲဖြစ်နေ တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး က တင်ပြခဲ့ပါတယ်။

အတည်ပြုထားတဲ့ ဥပဒေတွေအတွက် နည်းဥပဒေတွေကို သက်ဆိုင်ရာအစိုးရဌာနတွေက တာဝန်ယူရေးဆွဲရ မှာဖြစ်ပြီး အခုလိုကြန့်ကြာနေတာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ရှိတယ်လို့ ထောက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်း ပြည်နယ် အခွန်ကောက်ဥပဒေ၊ ပြည်နယ် ငါးလုပ်ငန်းဥပဒေ၊ ပြည်နယ် သစ်တောနဲ့ သတ္တုဥပဒေ စတဲ့ ဥပဒေတွေအပါအဝင် ၁၄ ခုကို အတည်ပြုပြဌာန်းခဲ့တာဖြစ်ပါတယ်။

အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး ကန့်ကွက်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့