ဘူးသီးတောင် မောင်တောဒေသ ခံတွေ နေရပ်စွန့်ခွာနေတာကို ကာကွယ်ဖို့ လွှတ်တော်ဥက္ကဌပြော

2017-06-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့က ကျင်းပနေစဉ်
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့က ကျင်းပနေစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသခံတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် နေရပ်စွန့်ခွာ မှုတွေရှိနေတာကို ကာကွယ်နိုင်ဖို့အတွက် လွှတ်တော်နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရခိုင်ပြည် နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်လို့ နေရပ်ကိုစွန့်ခွာနေရတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် ကျနော်တို့ကာကွယ်ပေးရပါမယ်၊ လွှတ်တော်ရော၊ အစိုးရပါ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်"

လွှတ်တော်နဲ့အစိုးရဆိုတာ အမြဲတမ်းသဟဇာတမဖြစ်နိုင်ပေမယ့် အမျိုးသားအကျိုးစီးပွားနဲ့ နယ်မြေတည်တံ့ခိုင် မြဲရေးကိစ္စတွေမှာ တသားတည်းကျဖို့ လိုအပ်တယ်လို့လည်း လွှတ်တော်ဥက္ကဌက ပြောခဲ့ပါတယ်။ ဘူးသီးတောင် မောင်တောဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေဟာ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း နေရပ်စွန့်ခွာမှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့်ရဲကင်းတွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နောက်ပိုင်းမှာတော့ နီးစပ်ရာမြို့ရွာတွေကို ပြောင်းရွှေ့အခြေချတာတွေ ပိုများလာတယ် လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်အစိုးရအဖွဲ့ဟာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်က အခါအားလျော်စွာချမှတ်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်ဆောင်ပေးရမှာ ဖြစ် ပြီး အရေးယူဆောင်ရွက်ချက်တွေကိုလည်း ပြန်လည်အစီရင်ခံရမှာဖြစ်သလို မြေပြင်ဒေသ ရဲ့အခြေအနေ အရပ်ရပ်နဲ့စပ်လျဉ်းတဲ့ အစီရင်ခံစာတွေကို ပြည်ထောင်စုအစိုးရနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်တွေကို တင်ပြရမယ် လို့ပြဌာန်းထားတာကြောင့် လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း မိန့်ခွန်းမှာထည့်သွင်းပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရရဲ့ အာမခံချက်တွေ၊ ကတိတွေနဲ့ တာဝန်ခံချက်တွေ စီစစ်ရေးကော်မတီတစ်ရပ်ကိုလည်း ဒီနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့