ကမ္ဘာမြေ စိမ်းလန်းစိုပြေရေးနေ့ ကဗျာဆရာများ သစ်ပင်စိုက်

အောက်တိုဘာလ ၁၀ ရက်နေ့ တနင်္ဂနွေနေ့မှာ ကမ္ဘာ့အပူချိန်များ ကျဆင်းစေဖို့အတွက် ကမ္ဘာမြေ စိမ်းလန်းစိုပြေဖို့ ဆိုပြီး အထိမ်းအမှတ်တခုအနေနဲ့ ကဗျာဆရာတွေက ဦးဆောင်ပြီး ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်းမှာ ရှိတဲ့ သီရိမင်္ဂလာ ရွှေဘုံဦး ကျောင်းတိုက်မှာ သစ်ပင်အပင် ၃၅၀ စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။
2010-10-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အလွန်ပူအိုက်သော နေ့တနေ့တွင် လျှပ်စစ်မီးလည်း ပျက်နေသဖြင့် ဂျင်နရေတာ မောင်းကာ အိမ်ပြင်တွင် ယပ်တောင် ကိုယ်စီဖြင့် ထိုင်နေသော မိသားစု တခု ဖြစ်ပါသည်။ (Photo: AFP)
အလွန်ပူအိုက်သော နေ့တနေ့တွင် လျှပ်စစ်မီးလည်း ပျက်နေသဖြင့် ဂျင်နရေတာ မောင်းကာ အိမ်ပြင်တွင် ယပ်တောင် ကိုယ်စီဖြင့် ထိုင်နေသော မိသားစု တခု ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ကမ္ဘာမြေ စိမ်းလန်းစိုပြေစေဖို့ အတွက်ရည်ရွယ်ပြီး ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီတာချုပ်လည်းဖြစ် ကဗျာဆရာတဦးလည်း ဖြစ်တဲ့ ဆရာ မောင်စိမ်းနီ နဲ့ ကဗျာဆရာ သစ္စာနီတို့ ဦးဆောင်ပြီး ဒဂုံမြို့သစ်တောင်ပိုင်း လေးဒေါင့်ကန် စံပြကျေးရွာမှာ ရှိတဲ့ သီရိမင်္ဂလာ ရွှေဘုံဦး ဘုန်းကြီးကျောင်းတိုက်မှာ မနေ့က မနက် ၉ နာရီခွဲမှာ စိုက်ပျိုးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အပူချိန်ကျဆင်းစေဖို့အတွက် အောက်တိုဘာလ ၁၀ ရက်နေ့မှာ နေ့ထူးနေ့မြတ်အဖြစ် အထိမ်းအမှတ်တခုအနေနဲ့ သစ်ပင်တွေ စိုက်ပျိုးခဲ့ကြတာကိုတော့ ဆရာ မောင်စိမ်းနီက ခုလို ရှင်းပြပါတယ်။

“ကျနော်တို့က ကဗျာဆရာတွေကလည်း ကူညီပြီးတော့ အားလုံး ဝိုင်းလုပ်ကြတာပေါ့၊ ဒီနေ့ကတော့ အဖွဲ့တော်တော်များပါတယ်၊ အယ် လူလည်း တရာကျော်လောက် ရှိပါတယ်၊ တော်တော်များများ ပါပါတယ်၊ အထူးအနေနဲ့ပေါ့ဗျား အောက်တိုဘာ ၁၀ ရက်လေ ၁၀ ရက် ၁၀ လ ၂၀၁၀ ပေါ့ဗျား၊ ၁၀ သုံးလုံးအနေနဲ့ အဲန်ဂျီအိုအဖွဲ့တွေ လူငယ်အဖွဲ့တွေ ပတ်ထရန် တို့ ဘာတို့ပေါ့နော် တော်တော်များများလေ စုံပြီးတော့ ကျနော်တို့ အပင် သုံးရာ့ငါးဆယ် စိုက်တာပါ၊ သစ်ပင်ကတော့ စုံပါတယ်ဗျား၊ ကျနော်တို့ မဟော်ဂနီတို့ ၊ကုက္ကိုတို့ ၊သပြေတို့က အစ အစုံပေါ့။

ကဗျာဆရာတွေအပါအဝင် တက်ကြွလှုပ်ရှားနေကြသူ လူငယ်တွေနဲ့ စိတ်ဝင်စားသူတွေ စုပေါင်းပြီး ကမ္ဘာ့ အပူချိန်လျော့အောင် ကမ္ဘာမြေ စိမ်းလန်းစိုပြေစေဖို့အတွက် ရည်ရွယ်စိုက်ပျိုးခဲ့ကြတာနဲ့ ပတ်သက်လို့ ကဗျာဆရာ မောင်စိမ်းနီက ခုလို ပြောပြသွားပါတယ်။

“အဓိကကတော့ ကျနော်တို့ ဒီလောက်ပူလောင်နေတဲ့ ကမ္ဘာကြီးကို တတ်နိုင်သလောက် အပူချိန် လျှော့ကျနိုင် လျှော့ချနိုင်အောင်ပေါ့ဗျား၊ ကျနော်တို့ ဒီသစ်ပင်တွေနဲ့ ကာကွယ်ကြဖို့ သစ်ပင်တွေနဲ့ ဒီအရိပ်ရ သစ်ပင်များ ကြီးပြင်းလာတာနဲ့ အလျောက် ကမ္ဘာကြီးက အပူချိန် သက်သာလာမယ်ပေါ့ ဒီလို ရည်ရွယ်ချက်တွေပါပဲ၊ အနာဂတ်ကို ကျနော်တို့က ဒါ မျှော်မှန်းပြီးတော့ လုပ်ကြတဲ့ အလုပ်တွေပဲ၊ လူငယ်တွေအတွက် လူကြီးတွေအတွက် အားလုံးအတွက်ပေါ့၊ ရည်ရွယ်ပြီး လုပ်ကြတာပဲ၊ အဓိကကတော့ဗျာ ကျနော်တို့ တိုင်းပြည် သာယာငြိမ်းချမ်းသော သစ်ပင်တွေ များများ ဝေဝေဆာဆာနဲ့ တောအုပ်တွေနဲ့ ကျေးငှက်တွေနဲ့ သာရကာတွေနဲ့ အားလုံး ကျန်းမာ ချမ်းသာကြဖို့ ရည်ရွယ်ပြီးတော့ စိုက်တာပါ။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့တုန်းကလည်း ကွယ်လွန်သွားကြပြီးဖြစ်တဲ့ ကဗျာဆရာတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာတောအုပ်ဆိုပြီး မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျောင်းတိုက်မှာ သစ်ပင်တိုင်းကို ကဗျာဆရာတွေရဲ့ နံမည်တွေ ကဗျည်းထိုးပြီး သစ်ပင် ၁၉ ပင် စိုက်ပျိုးခဲ့ကြသေးတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့