အနောက်အုပ်စု ရေနံကုမ္ပဏီတွေ ထံက မြန်မာအစိုးရ ငွေ အများအပြားရနေ

2015-04-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကမ်းလွန်ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုမြင်ရစဉ်
ကမ်းလွန်ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုမြင်ရစဉ်
Photo: RFA

မြန်မာကမ်းလွန်ပင်လယ် သဘာဝဓါတ်ငွေ့ ရှာဖွေရေး လုပ်ငန်းတွေမှာ အနောက်နိုင်ငံကုမ္ပဏီတွေ ပိုမိုပါဝင် လာတဲ့အတွက် မြန်မာအစိုးရအနေနဲ့  နိုင်ငံခြား ရင်းနှီးမြှုပ်နှံငွေ အများအပြားရရှိနေတယ်လို့ Nikkei Asian Review မီဒီယာအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ သတင်းမှာဖော်ပြထားပါတယ်။

မြန်မာပြည်ရဲ့ သယံဇာတကဏ္ဍမှာ ပြီးခဲ့တဲ့ မတ်လ ကုန်ဆုံးတဲ့ ၂ဝ၁၄-၁၅ ရးနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ သန်း သုံးထောင့်နှစ်ရာခန့် ရှိတယ်လို့ မြန်မာအစိုးရက ပြောပါတယ်။

အဲ့ဒီကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းကတော့ ဒေါ်လာ သန်း ရှစ်ထောင်ခန့် ရှိပါတယ်။ ဒါဟာ တစ်နှစ်အတွင်း နိုင်ငံခြားမြှုပ်နှံ မှု နှစ်ဆတိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့  ကမ်းလွန်ဓါတ်ငွေ့ လုပ်ကွက် ၂ဝ ကို မနှစ်ကလေလံတင်ခဲ့ရာမှာ Shell နဲ့ Chevron လို အနောက်နိုင်ငံတွေက ကမ္ဘာကျော် ရေနံကုမ္ပဏီတွေ ဝင်ရောက်နေရာယူလာခဲ့ပါတယ်။  အဲ့ဒီ ကုမ္ပဏီတွေဟာ အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကြောင့် အရင်က ဝင်ရောက်လုပ်ကိုင်ခြင်း မရှိခဲ့ပါဘူး။ ၂ဝ၁၁ ခုနှစ်မတိုင်မီကာလအထိ မြန်မာ့ကမ်းလွန် ဓါတ်ငွေ့လုပ်ငန်းမှာ ထိုင်း PTT နဲ့ မလေးရှား Petronas ကုမ္ပဏီတွေပဲ ဝင်ရောက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။

ကွန်မင့်များ (2)
Share

aungkyawsankpu

နေရပ်- kpu

RFA ခင် ဗျာ ။။ တရုတ်က ဒီ နိုင်ငံ မှာ သဘာဝ သယံဇာတွေ ထုတ်ယူ သုံးစွဲ တဲ့ ရင်းနှီး မြုပ် နှံ မှု မှာ ဒေသခံတွေ ရဲ့ လူမှူ ရေးကျန်းမာရေး ပညာ ရေး ကို ဘေး ချိတ်ပြီး ။။ အဲဒီအတွက် ကုန်ကျ မဲ့ ငွေ ရဲ့ (တ၀က်) လေက် ထဲ ကမှ လူကြီးတွေ ကို ၁ ပုံ ပေး ။။ ကျန် တဲ့ ၁ ပုံနဲ့ MICC လိုအဆောက် အဦးတွေ ဆောက် ပြီး ။။ ဒါ တရုတ် က လှူ တဲ့ အဆောက် အဦးဆို ပြီး တစ် သက် လုံး လက် ညှိုး ထိုးပြ လို့ ၇မဲ့ ဟာတွေ ပဲ လုပ် နေတာ ။။။အနောက် အုပ် စု ကတော့ တရုတ် လို မဟုတ် ပဲ တာဝန်ခံမှု တာဝန် ယူ မှု အပြည့် ရှိ ပါ့ မလား ။။ ဒေသခံ တွေ ရဲ့ ကျန်းမာရေး ။ ပညာရေး ။ ကိုလုပ် ပေးတာ ပိုက် ဆံ ကုန် ပေမဲ့ လက် ညှိုး ထိုးပြစ၇ာ ကျတော့ မကျန် လို့ လေ ။။ဝေ ဖန်ပေးပါ ။။

Apr 20, 2015 12:50 AM

pocket

နေရပ်- money

got a lot investment and got a lot foreign exchange,,,all will go to military generals and their group,,,people will remain poor and poor,,,government don't concern about the Myanmar peoples...they treat them like an enemy ..that is the most important issue in Myanmar.

Apr 19, 2015 10:45 AM

ဆိုက်တခုလုံးသို့