နှစ်ဘက်ယုံကြည်မှု အတွက် ဦးသိန်းစိန် အစိုးရ လက်တွေ့ လုပ်ဆောင်ပြဖို့ NCGUB တိုက်တွန်း

ဦးသိန်းစိန်အစိုးရဟာ အမှန်တကယ် ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေတယ် ဆိုတာ လက်တွေ့ ပြသတဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့ NCGUB က မနေ့က တောင်းဆိုလိုက်ပါတယ်။
2011-08-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတခုတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မိန့်ခွန်း ပြောကြားနေစဉ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတခုတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မိန့်ခွန်း ပြောကြားနေစဉ်။
RFA

သမ္မတဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တာကို NCGUB ကြိုဆိုပေမဲ့၊ အစိုးရဘက်က လက်ဆုပ် လက်ကိုင် ပြနိုင်တဲ့ ဆောင်ရွက်ချက်မျိုး မတွေ့ရ သေးဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

ဒ့ါအပြင် ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတွေ တိုင်းပြည် ပြန်လာဖို့ အတွက် သမ္မတက မိန့်ခွန်းထဲ ထည့်သွင်း ပြောဆိုသွားတာထက် အစိုးရ အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေမျိုး ထုတ်ပြန် အကောင်အထည် ဖေါ်ရမှာ ဖြစ်တယ်လို့ ဒေါက်တာစိန်ဝင်းက ဆိုပါတယ်။

အဝေးရောက် ညွန့်ပေါင်း အစိုးရအဖွဲ့ အနေနဲ့လည်း အမျိူးသား ရင်ကြားစေ့ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ဦးဆောင် ကြိုးပမ်းမှုကို အမြဲ ထောက်ခံသွားမှာ ဖြစ်တယ်လို့ ဒေါက်တာစိန်ဝင်းက ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အဝေးရောက် ညွန့်ပေါင်း အစိုးရ အဖွဲ့ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဌ ကိုသံခဲ တို့ကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

နိုင်ငံရေးကို ဗန်းပြပြီး ကိုယ်ကြိုးရှာနေတဲ့ ဆင်စွယ်နန်းပေါ်က ဒေါ်လားစား အိယောင်ဝါး ပြည်ပြေး အစိုးရလေ Mg Spitfire ရဲ့ ၊လစ်ဗျားသူပုန်တွေဆီမှာ သွားသင်ရလောက်အောင် အဆင့်မရှိပါဘူးဗျာ။

Aug 24, 2011 09:35 AM

အမည်မဖော်လိုသူ

တိုက်တွန်းရအောင် ခင်ဗျားတို့ က ပြည်သူကိုဘယ်လောက် ကိုယ်စားပြုသလဲ၊ ခင်ဗျားတို့ က ဘယ်လောက်အရေး ပါလို့ လဲ၊ ၂၃ နှစ်အတွင်း ခင်ဗျားတို့  ဘာများ ထိထိရောက်ရောက် လုပ်ခဲ့သလဲ၊ လစ်ဗျားကတော်လှန်ရေးသမားတွေဆီမှာ ဆယ်နှစ်သွားသင်လိုက်ဦး။

Aug 23, 2011 02:37 AM

ဆိုကျတခုလုံးသို့