မြန်မာလျှပ်စစ်ထုတ်ရေး ပြင်သစ်က ငွေချေးမည်

2019-05-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရှမ်းပြည်နယ်က လျှပ်စစ်ဓါတ်အားပေး တာဝါတိုင်ကို တွေ့ရစဉ်
ရှမ်းပြည်နယ်က လျှပ်စစ်ဓါတ်အားပေး တာဝါတိုင်ကို တွေ့ရစဉ်
Photo: Kyaw Zin Than/RFA

မြန်မာနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်၊ ပြင်သစ်ထံက မြန်မာကျပ်ငွေ ဘီလျံ ၆၀ ကျော်နဲ့ ညီမျှတဲ့ ယူရို ၃၅.၇ သန်းချေးယူဖို့ စီစဉ်နေတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စု လွှတ်တော်ကို ပေးပို့တဲ့ စာချွန်လွှာမှာ ဖော်ပြထားပါတယ်။

 

ဒီချေးငွေဟာ အတိုးဝ.၆၈%နဲ့ ၁၃နှစ်ချေးယူမှာဖြစ်တယ်လို့ စီမံဘဏ္ဍာ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။ ဒီချေးငွေကို မြန်မာနိုင်ငံမှာ ဆောက်လုပ်ပြီးဖြစ်တဲ့ ရဲတံခွန်၊ မုန်းချောင်း၊ ကင်းတား၊ဇောင်းတူနဲ့ သဖန်းဆိပ် စတဲ့ ရေအားလျှပ်စစ်ထုတ်ယူနိုင်တဲ့ စက်ရုံတွေမှာ အကြီးစားပြင်ဆင်မှုများပြုလုပ် အဆင့်မြှင့်မှာဖြစ်ပါတယ်။ စက်ရုံတွေကို ပြင်ဆင်ပြီးချိန်မှာ လျှပ်စစ်ကီလိုဝပ်နာရီ ၅၆၅ သန်းကနေ ၆၄၆ သန်းအထိ ထုတ်ယူနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

Thanks a lot to French Government for its loan to Myanmar as a support of Electricity Supply improvement in the country. Yet, foreign experts are required for the technological and financial management. Or else, those money will be wasted - never beneficial to the country.

May 02, 2019 04:10 AM

ဆိုက်တခုလုံးသို့