မြန်မာ့စီးပွားရေး ရေနံဈေး နဲ့ နိုင်ငံရေးအပေါ် မူတည်ကြောင်း စွမ်းအင်ဝန်ကြီး ပြော

2015-04-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကမ်းလွန်ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုမြင်ရစဉ်
ကမ်းလွန်ရေနံထုတ်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကိုမြင်ရစဉ်
Photo: RFA

မြန်မာနိုင်ငံရဲ့ လက်ရှိဘဏ္ဍာရေးနှစ် စီးပွားရေး အခြေအနေဟာ ရေနံဈေးနှုန်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အပေါ် မူတည်နေတယ်လို့ အစိုးရစွမ်းအင်ဝန်ကြီး က ပြောဆိုကြောင်း စင်္ကာပူအခြေစိုက် Channel News Asia သတင်းက ဖေါ်ပြပါတယ်။

ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းနေတာနဲ့ မြန်မာ့ရွေးကောက် ပွဲအပါအဝင် နိုင်ငံရေးအခြေအနေတွေကြောင့် ဒီနှစ် အတွင်း မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏလျော့နည်းသွားနိုင်တယ်လို့ စွမ်းအင်ဆိုင် ရာ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် က ပြောပါတယ်။

စင်္ကာပူနိုင်ငံက ညီလာခံတစ်ခုရဲ့ပြင်ပမှာ Channel News Asia က သီးသန့်တွေ့ဆုံမေးမြန်းခဲ့ရာမှာ ဦးဇေယျာအောင်က ပြောဆိုခဲ့တာပါ။

မြန်မာ့စီးပွားရေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းဟာ စွမ်းအင်ကဏ္ဍက ရရှိတာဖြစ်ပါတယ်။

အခုအခါ ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းနေတာကြောင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင် စွမ်းအင်စီမံကိန်း ၄ ခု က နိုင်ငံခြားကုမ္ပဏီတွေ အတော်အထိနာနေကြကြောင်း၊ ဒါ့ပြင် မြန်မာ့နိုင်ငံရေးအခြေအနေကလည်း သောင်မ တင်ရေမကျဖြစ်နေတာကြောင်း၊ ဒါကြောင့် ဒီနှစ်အတွက် စွမ်းအင်လုပ်ကွက်လေလံတွေ ခေါ်ယူနိုင်တော့မှာ မဟုတ်ကြောင်း ဦးဇေယျာအောင်က ပြောဆိုခဲ့ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် ပြုပြင်ပြောင်းလဲရေးတွေ အမှန်တကယ် ပေါ်ပေါက်မလာတာကြောင့် နိုဝင် ဘာလ ပထမပတ်မှာကျင်းပဖို့ စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ နည်းလမ်းတစ်ရပ် အဖြစ်ရှိနေဆဲဖြစ်ကြောင်း NLD ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာကို သတင်းမှာ ဖေါ်ပြထားပါတယ်။

ကွန်မင့်များ (1)
Share

(

1-NEARLY ALL MYANMARS KNEW ABOUT THE GENERAL CONDITION OF THE COUNTRY.
2-ALL MYANMARS NEED TO STAY UNITED, WORK HARD, BUILD THE COUNTRY, PROMOTE THE ECONOMY, PROMOTE THE LIVING STANDARDS OF THE PEOPLE.
3-MYANMAR NAING GAN DAW EXPECT EVERYBODY CONTRIBUTE HIS/HER DUTY.
4-NOTICED MANY PEOPLE LIVING INSIDE AND OUTSIDE THE COUNTRY DO NOT LIKE TO BUILD THE COUNTRY.
5-MYANMAR NEED MAKERS AND BUILDERS ONLY.
6-NEED TO REMOVE ALL BREAKERS AND DESTROYERS.
7-GENERALLY COMMON PEOPLE KNOW BAD SIGNS BY OBSERVING POLITICAL DIFFERENCES,HIGHER COST OF LIVING,LOSS OF BUYING POWER, INFLATION AND EXCHANGE RATE BETWEEN KYAT AND FOREIGN CURRENCIES.
FOR EXAMPLE TODAY'S EXCHANGE RATE: US $1.00=K1065.95
8-MYANMAR VERY URGENTLY NEEDED TO STOP FIGHTING IN ALL DISAGREEMENTS.
TIN HTUT

Apr 15, 2015 10:07 AM

ဆိုက်တခုလုံးသို့