အိန္ဒိယတပ် နယ်စပ်ဖြတ်ကျော် ခွင့် မြန်မာသဘောတူ

2015-07-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံပိုင်နက်အတွင်း ဝင်ရောက်ခိုအောင်းပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် ပုန်ကန်နေကြတဲ့ လူမျိုးစု သူပုန် အဖွဲ့တွေကို အိန္ဒိယစစ်တပ်အနေနဲ့ နယ်စပ်ကျော်ပြီး လိုက်လံတိုက်ခိုက်ခွင့်ပြုဖို့ မြန်မာဘက်က သဘောတူလိုက်ပြီလို့ အိန္ဒိယ သတင်းစာ တွေက ဖေါ်ပြကြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံသားတွေအပေါ် ထိခိုက်မှု မရှိစေရဘူး ဆိုတဲ့ကြိုတင်သတ်မှတ်ချက် နဲ့ သဘောတူခဲ့တာ ဖြစ်တယ်လို့ The Asian Age သတင်းက ဆိုပါတယ်။ ဒါ့ပြင် အိန္ဒိယ မြန်မာ နယ်စပ်တလျှောက် မြန်မာတပ်ဖွဲ့တွေ တိုးမြှင့်ချထားဖို့ လည်း မြန်မာဘက်က သဘောတူခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ၆ ရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ရတ်နတ်ဆင်း၊ အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး အဂျစ်ဒိုဝယ်၊ ပူးတွဲ ထောက်လှမ်းရေးကော်မတီ ဥက္ကဌ ရာဝီ တို့နဲ့ မနေ့က ဒီကိစ္စ ဆွေးနွေးခဲ့တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒဲလ်ဘီရာ ဆင်းနဲ့ တွေ့ဆုံခဲ့ပြီး၊ မြန်မာ့ တပ်မတော်အရာရှိတွေကို အန္ဒိယမှာ သင်တန်းပေးဖို့လည်း သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့ပြင် ဗုဒ္ဓဂါယာကို သွားရောက်ပြီးရင်၊ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Manohar Parrikar နဲ့ တွေ့ဆုံဖို့ စီစဉ်ထား ပါတယ်။ မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်း ချရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီး နဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ အိန္ဒိယစစ်တပ်ကလာတဲ့ သတင်းတွေကို ကိုးကားပြီး အိန္ဒိယ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ဒီအတွင်း အိန္ဒိယ မြန်မာ နယ်စပ်မှာ မြန်မာဘက်က နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ထောင် ဝန်းကျင် တိုးမြှင့် ချထား လိုက်ကြောင်း The Economic Times အိန္ဒိယ သတင်းစာက ဖေါ်ပြပါတယ်။

ကွန်မင့်များ (6)
Share

ဟေမာန်​မိုး

ဘယ်အစိုးရတက်တက် တပ်မတော်သည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့်ခေတ်မှီတပ်မတော်ဖြစ်ရန်လိုပါတယ်။ နှစ်ပေါင်း၆၀ကျော် ပြည်တွင်းပြည်ပ အဖွဲ့စည်းနိုင်ငံများ၏ အိမ်ကြက်ခြင်း ခွပ်ခိုင်းခြင်းသွေးထိုးမှုများကြောင့်တိုင်းပြည်ချိနဲခဲ့ရပါသည်။ ယင်းသိုမဖြစ်စေရန် ပြည်ထောင်စုသားအားလုံးသဘောပေါက်ပီး တိုင်းပြည်အင်အားကောင်းအောင်လုပ်ဖို့လိုပါသည်။

Jul 29, 2015 08:33 AM

သက်​​အောင်

ခေတ်မှီတပ်မတော်တည်ဆောက်နေတဲ့ ကာချုပ်ကြီးကို အစဉ်လေးစားထောက်ခံပါတယ်
ဗိုလ်ချုပ်အောင်ဆန်းမိန့်ကြားသလို တိုင်းပြည်အင်အားတောင်တင်းမှ ဗိုလ်ကျခြင်း အစော်ကားခံခြင်း စသည်တို့မှကင်းဝေးမှာဖြစ်ပီး ဟိုလူမျက်နှာချိုးသွေး ဒီလူမျက်နှာချိုသွေးအခြေနေမှ လွတ်ကင်းမှာပါ

Jul 28, 2015 11:49 AM

(

မျိုးချစ်နိုင်ငံကာကွယ်ရေး စစ်ဦးစီးချုပ်ကြီးကိုလေးစား ဂုဏ်ယူပါတယ်။ မြန်မာ့တပ်မတော်ကိုနိုင်ငံတကာ အဆင့်မီတပ်မတော်ကြီးဖြစ်စေချင်တာပါ ဒါမှနိုင်ငံတိုင်းနှင့်ရင်ဘောင်တန်းနိုင်မှာပါ

Jul 28, 2015 09:47 AM

ဒေါင်းတမာန်

ဟဲကောင်စောင့်ရူးဘာတွေပြောနေလည်း
ေ လေ့လာပါအုံး

Jul 28, 2015 04:48 AM

သီဟ

ဒေါင်းက ညဏ်မမှီတော့ အပြုသဘောတင်ပြချက်တွေကိုနားလည်ပုံမရဖူး

Jul 28, 2015 11:45 AM

မိထက္​

ဒေါင်းတမန်ေလေးကြာင်သွားပီထင်တယ်
သနားပါတယ်
မကြောင်အောင် စာများ၂ဖတ်ခိုင်းမှပဲ

Jul 28, 2015 11:51 AM

ပေါင်​ချိန်

မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် ဘယ်သူခေါင်းဆောင်လုပ်လုပ် တရုပ် နဲ့ India ကို ကစားရမှာ ကို နိုင်ငံရေးသမားတိုင်းနာလည်ထားပါတယ် တချိန်တုန်းကIndia နဲ့ ပံမှန်အတိုင်းနေခဲ့ပီး တရုပ်ကို နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ အခြားသော နိုင်ငံရေးရည်ရွယ်ချက်များနဲ့ပိုမိုနီးကပ်စွာထိတွေ့ဆက်ဆံခဲ့သော်လည်း မျှော်မှန်းသလိုတိုးတက်မှုမရရှိကြောင်းသုံးသပ်မိပါတယ်၊ ဒါကြောင့် India နဲ့ပိုမိုနီးကပ်စွာ ဆက်ဆံရေးနည်းလမ်းဖြင့် ချိန်ခွင်သျှာထိန်းညှိပါတယ်။ဒါဟာဒီမိုကရေစီပြောင်းလဲရေးကိုသွားနေကြောင်းအခိုင်မာပြခြင်းပါ

Jul 28, 2015 01:26 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့