ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ကိုယ်စားလှယ်တွေရဲ့ အသုံးစရိတ် ကို ငြိမ်းချမ်းရေးအတွက် လှူဒါန်း

2017-06-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၂ နှစ်ပြည့်မွေးနေ့ပွဲကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးမှာ ဇွန်လ ၁၉ ရက်နေ့ က ကျင်းပစဉ်
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၂ နှစ်ပြည့်မွေးနေ့ပွဲကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးမှာ ဇွန်လ ၁၉ ရက်နေ့ က ကျင်းပစဉ်
Photo: Win Naung Toe/RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်နဲ့ ပြည်ထောင်စု လွှတ်တော်က NLD ကိုယ်စားလှယ်တွေ စုပေါင်းပြီး တစ်နေ့တာအသုံးစရိတ်ကို ငြိမ်းချမ်းရေးအတွက် လှူဒါန်းလိုက် ပါတယ်။

အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက အသုံးစရိတ်တစ်ရက်စာ စုပေါင်းလှူဒါန်း ရတဲ့အကြောင်းကို ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တဦးရဲ့နေ့တွက်ခ နှစ်သောင်းကို စုစည်းပြီး လှူဒါန်းတာလို့ အင်းစိန်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ အင်န်အယ်လ်ဒီကိုယ်စားလှယ် ၄၉ဝ ဦးရှိပြီး တစ်နေ့တာအသုံးစရိတ် ကျပ် နှစ်သောင်းစီကို လှူဒါန်းလိုက်တာဖြစ်ပါတယ်။

နေပြည်တော် လွှတ်တော်ဝင်းထဲက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရုံးမှာ ကျင်းပခဲ့ တဲ့ မွေးနေ့ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့ပြီး ပြည်သူတွေတစ်ယောက်နဲ့ တစ်ယောက် မေတ္တာ ထားကြဖို့နဲ့ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က သူ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတဲ့ ပြည်တွင်း ပြည်ပ နိုင်ငံသူ နိုင်ငံ သားတွေနဲ့ တိုင်းရင်းသားပြည်သူတွေ၊ နိုင်ငံတကာက မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း နိုင်ငံတော်အတိုင်ပင် ခံရုံး ဖေ့စ်ဘွတ်စာမျက်နှာကနေ ထုတ်ပြန်ခဲ့ပါတယ်။

ဆိုက်တခုလုံးသို့