စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်မြှင့်တင်ဖို့ ဆွေးနွေး

2018-07-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာ့စီးပွားရေး အမှန်ဂျီဒီပီတိုးနှုန်းနှင့် ကဏ္ဍအလိုက် အချိုးအစားပါဝင်မှုု။
မြန်မာ့စီးပွားရေး အမှန်ဂျီဒီပီတိုးနှုန်းနှင့် ကဏ္ဍအလိုက် အချိုးအစားပါဝင်မှုု။
World Bank Myanmar

မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ကမ္ဘာ့ဘဏ်အရာရှိတွေဟာ မြန်မာနိုင်ငံမှာ ရေရှည် တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ဖို့ မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီး ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။

လိုက်လျောညီထွေရှိတဲ့ မူဝါဒတွေ ချမှတ်ရေးဆွဲခြင်းနဲ့ အဲဒီမူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့၊ အဲဒါတွေကို ဖြေရှင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဦးတည် ဆွေးနွေးနိုင်ဖို့အတွက် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးတွဲကျင်းပတာ ဖြစ်ပါတယ်။

လောဆယ် အချောသတ် ရေးဆွဲနေတဲ့ “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း” (Myanmar Sustainable Development Plan-MSDP) ကို အဓိက အခြေခံပြီး ဆွေးနွေးခဲ့ကြပါတယ်။

“မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ” (MEM) အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ဂျီဒီပီ တိုးတက်မှုနှုန်းမှာ ၂ဝ၁၆- ၂ဝ၁၇ ခုနှစ်မှာ ၅.၉ % ရှိခဲ့ရာက ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာ ကဏ္ဍအသီးသီး အခြေအနေ မြင့်တက်မှုကြောင့် ၆.၄ % ကို ရောက်ရှိလာပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့