လေကြောင်းပစ်ခတ်မှုကြောင့် မင်းပြားမှာ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

2020-03-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အကြား တိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မနေ့ညနေက တပ်မတော်ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တဲ့အတွက် ရွာသား ၂ ဦး သေဆုံးပြီး၊ ၂ ဦးဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်က အဲဒီလိုတိုက်ခိုက် တာမရှိဘူးလို့ ငြင်းဆိုပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ရာဇဝင်မကောင်းတဲ့ မြန်မာစစ်တပ်နဲ့ သူပုန်တွေကြောင့် မြန်မာပြည်ဟာ ယဉ်ကျေးသိမ်မွေ့တဲ့ ဗုဒ္ဓဘာသာနိုင်ငံဆိုတဲ့အသိ ကမ္ဘာပေါ်မှာပျောက်နေတာကြာပါပြီ။ ဒီအခြေအနေဟာ အိမ်နီးချင်းနိုင်ငံတွေကိုသာမက တကမ္ဘာလုံးကို ထိခိုက်လာနေပါတယ်။ ဒါကိုအားလုံးက လက်ပိုက်ကြည့်နေဖို့ရာ ရေရှည်မှာမလွယ်တော့ပါဘူး။ အချို့နိုင်ငံများမှာလုပ်ခဲ့ရသလို ပြင်ပကမ္ဘာ့အင်အားစုများက စစ်အင်အားအလုံးအရင်းနဲ့ ကြားနေဝင်ရောက်ဖြေရှင်းပေရမယ့်အချိန်ရောက်နေပြီလားမသိပါ။ မူလအစခေါင်းဆောင်တို့ရဲ့ နိုင်ငံရေးတွက်ကိန်းမှားယွင်းမှုကြောင့် အချင်းချင်းရန်ဖြစ်သတ်ဖြတ်နေတာ အနှစ် ၇၀ ကျော်လာပါပြီ။ အခုလို ကမ္ဘာမှာ ကပ်ရောဂါဆိုက်နေချိန်တောင်မှ အသိတရားမရဘဲ သတ်ဖြတ်သောင်းကျန်းနေကြတာကြောင့် လူစိတ်ပျောက်နေကြတယ်လို့ပင် ပြောရမလိုဖြစ်နေပါတယ်။

Apr 01, 2020 03:08 PM

ဆိုက်တခုလုံးသို့