ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း နည်းဥပဒေကြမ်းအကြောင်း ရှင်းလင်း

2014-05-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ သြဂုတ်လ ၁၂ ရက်နေ့ကကျင်းပတဲ့ စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်
ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ သြဂုတ်လ ၁၂ ရက်နေ့ကကျင်းပတဲ့ စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းနည်းဥပဒေနဲ့ သတင်းမီဒီယာ နည်းဥပဒေတွေ ထွက်ရှိလာရင် သတင်းမီဒီယာတွေနဲ့ အစိုးရအကြား သတင်းအချက်အလက်ရယူရာမှာ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေး နိုင်လိမ့်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာရှိတဲ့ ဗဟိုပုံနှိပ်စက်ရုံမှာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းနည်းဥပဒေကြမ်း ပြင်ဆင် ထားမှုအခြေအနေတွေကို စာနယ်ဇင်းနဲ့ ပုံနှိပ် ထုတ်ဝေရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံပွဲအပြီးမှာ ဒုတိယဝန်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေကို ပြောခဲ့တာပါ။

"ဒီပုံနှိပ်နည်းဥပဒေရော သတင်းမီဒီယာ နည်းဥပဒေရော အမြန်ဆုံးထွက်စေချင်တယ်၊ သတင်းမီဒီယာ နည်းဥပဒေမှာဆိုရင်လည်း စာနယ်ဇင်းတွေ သတင်းရယူတဲ့ခါမှာ ဘယ်လိုဆောင်ရွက်ရမလဲ ဌာနတွေနဲ့ ဘယ်လိုတုန့်ပြန် ဆောင် ရွက်ရမလဲဆိုတာပါလာမယ်၊ အဲလိုပါလာမှ ကျနော်တို့ ဒီနေ့ အခက်အခဲဖြစ်နေတဲ့ သတင်းရယူမှုပြဿနာ ဌာနဆိုင်ရာတွေနဲ့ သတင်းရယူရင်းနဲ့ စာနယ်ဇင်းသမားတွေကြားထဲမှာ မကြာခဏ အငြင်းပွားနေ တဲ့ပြဿနာ ပြေလည်မှာ၊ ဒါကြောင့် ဒီဥပဒေနှစ်ခုစလုံးကို ဦးစားပေးပြီးတော့ ဆောင် ရွက်နေတာ"

ပုံနှိပ်ခြင်း နဲ့ ထုတ်ဝေခြင်းနည်းဥပဒေ အတည်ပြုနိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းအရ ရှေ့နေချုပ်ရုံးကို တင်ပြရ မယ်လို့ သိရပါတယ်။

ဒီနေ့ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့တွေ့ဆုံရာမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ မြန်မာဂျာနယ်လစ်ကွန်ယက်က တာဝန်ရှိသူတွေ စာနယ်ဇင်းနဲ့ ပုံနှိပ်ထုတ်ဝေရေးအဖွဲ့အစည်းတွေက ကိုယ်စား လှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းဆိုင်ရာ နည်းဥပဒေဟာ ထုတ်ဝေသူတွေနဲ့ သတင်းသမားတွေအတွက် အာမခံချက်ရှိမယ့် နည်းဥပဒေတွေ ဖြစ်လာနိုင်ပါ့မလားဆိုတာနဲ့ ပါတ်သက်လို့ ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ သတင်းစာ ဆရာများအသင်းက အတွင်းရေးမှူး ဦးမျိူးမင်းထိုက်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့