နေရာ ပြောင်းရွှေ့ဆန္ဒပြဖို့ ရဲစခန်းတာဝန်ရှိသူတွေက ပြောဆို

သတင်းလွတ်လပ်ခွင့် ကော်မတီက ရန်ကုန်မြို့တော် ခန်းမရှေ့လူ ၁၅၀ ဝန်းကျင် စုရုံးဆန္ဒပြဖို့ လျှောက်ထားတာကို အခြားနေရာ ပြောင်းရွှေ့ဆန္ဒပြဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းတာဝန်ရှိသူတွေက ဒီကနေ့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
2012-08-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့တော် ခန်းမ
ရန်ကုန်မြို့တော် ခန်းမ
RFA

ဆန္ဒပြခွင့်ရဖို့ မနေ့က လျှောက်ထားအပြီး အခုလို ညှိနှိုင်းလာတာ ဖြစ်တယ်လို့ ဗီးနပ်စ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

"ကျွန်တော်တို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုုလ ပန်းခြံနားပေါ့ဗျာ။ အဲနားကို တောင်းထားတယ်ဗျ။ သူတို့ပြောတာကတော့ဗျာ၊ တကယ်လို့ နေရာပြောင်းလို့ ရနိုင်မလားပေါ့။ အများပြည်သူ သွားလာနေတဲ့ နေရာမျိုး ဆိုလို့ရှိရင် သွားလို့ လာလို့ အဆင်ပြေမှာ မဟုတ်ဘူး။ တခြားနေရာ ရွှေ့ပေးဆိုလို့ရှိရင် ရွှေ့ပေးမလား။ ဒါ ကိုယ့်သဘောပါတဲ့။ ခင်ဗျားတို့ သဘောပါတဲ့။ တကယ်လို့ အဲဒီလိုမျိုး ရွှေ့လို့ရရင် ရွှေ့လို့ရတဲ့ အကြောင်း ရွှေ့လို့မရဘူးဆိုရင်လည်း ခင်ဗျားတို့ သဘောပဲ။ တင်လိုက်ပေါ့နော်။ ကျတာ မကျတာကတော့အထက်က လူကြီးက သူတို့ဆုံးဖြတ်မယ်ပေါ့။ သူက အဲလိုမျိုးတော့ ပြောတယ်ဗျ"

ပြည်တွင်းဂျာနယ်တွေကို အစိုးရဝန်ကြီးဌာနတွေက တရားစွဲဆိုလာတာမျိုး၊ စာနယ်ဇင်းသမားတွေကို နှိပ်ကွပ်လာတာမျိုးတွေ ပေါ်ပေါက်ပြီးနောက် သတင်းသမားတွေ စုဝေးပြီး အခုလို ဆန္ဒပြဖို့ ပြင်ဆင် လာကြတာ ဖြစ်ပါတယ်။ ဆန္ဒပြခွင့်ရ မရ သြဂုတ်လ ၂၄ ရက်နေ့မှာ သိရမှာဖြစ်ပြီး ခွင့်ပြုချက်ရမယ်ဆိုရင် ၂၈ ရက်နေ့မှာ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

အဲဒီလိုဆန္ဒပြရာမှာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ သတင်းလွတ်လပ်ခွင့်ရဖို့၊ ကျင့်ဝတ်နဲ့အညီ ရေးထားတဲ့ သတင်းတွေကို တရားစွဲဆိုတာမျိုးမလုပ်ဖို့ ၊ သတင်းမီဒီယာတွေရဲ့ သဘောဆန္ဒမပါပဲ မီဒီယာဥပဒေ ပြဋ္ဌာန်းတာမျိုး မလုပ်ဖို့နဲ့ နည်းမျိုးစုံနဲ့ သတင်းသမားတွေကို နှိပ်ကွပ်နေတာမျိုး ချက်ချင်းရပ်ဖို့ အချက်တွေ တောင်းဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့