ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံ ပြောင်းခေါ်ဖို့ လွှတ်တော်ဆုံးဖြတ်

2015-01-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြောင်းလဲခေါ်ဝေါ်ဖို့ ပြည်သူ့ လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ရွှေတိဂုံဘုရားတောင်ဘက်မုဒ်အနီးမှာရှိတဲ့ ကန်တော်မင်ပန်းခြံကို  ဦးဥတ္တမပန်းခြံအဖြစ် တရားဝင်ပြောင်းလဲပေးဖို့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာဖြစ်ပါ တယ်။

အဲဒီအဆိုကို ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံတာဟာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။

"ဦးမောင်ညိုတင်သွင်းတဲ့အဆိုကို ကျနော်တို့လွှတ်တော်က အတည်ပြုထောက်ခံပေးခြင်းဟာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် များစွာအထောက်အကူပြုတယ်ဆိုတာလည်း ကျနော်တို့အားလုံး သိရှိပြီးဖြစ်ပါတယ်"

ရခိုင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဥတ္တမရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြပြီး ကန်တော်မင်ပန်းခြံကိုလည်း အရင်က ဦးဥတ္တမပန်းခြံ အဖြစ် မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြထားကြောင်း သိရပါတယ်။

ကွန်မင့်များ (3)
Share

Kyaw

နေရပ်- USA

"ဦးမောင်ညိုတင်သွင်းတဲ့အဆိုကို ကျနော်တို့လွှတ်တော်က အတည်ပြုထောက်ခံပေးခြင်းဟာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် များစွာအထောက်အကူပြုတယ်ဆိုတာလည်း ကျနော်တို့အားလုံး သိရှိပြီးဖြစ်ပါတယ်"
I strongly agree it. Of course, this resolution is good!

Jan 25, 2015 04:50 AM

မုန်တိုင်းစလာပြီဟေ့

RFA ကို Hack လုပ်ပြီနဲ့ တူတယ်။ ကွန်မင့်တွေ ပျောက်သွားပြီ။

Jan 24, 2015 12:36 PM

ပြောင်းလိုက်ကြ

နရေပျ- ပြောင်းလိုက်ကြ

နေပြည်တော်က ရပ်ကွက်တွေကို မြန်မာစာတတ်ရုံနဲ့ နားမလည်
နိုင်တဲ့ ပါဠိအမည်တွေအစား ခုလိုပဲ တိုင်းရင်းသားချစ်ကြည်ရေး
ကို ဖြစ်စေတဲ့အမည်တွေ ပြောင်းသင့်ပါတယ်။

Jan 23, 2015 12:17 PM

ဆိုက်တခုလုံးသို့