မြန်မာ့ဆန် ဂျပန်က စတင်ဝယ်ယူနေ

2013-04-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မကြာခင်ကာလမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် ၅၀၀၀ ကို ဂျပန်နိုင်ငံက ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဒီနေ့မှာရေးသားပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံက ဆန်ကိုဝယ်ယူဖို့ နှစ်ပေါင်း ၄၅ နှစ်ကျော်မှာ ပထမဆုံးအကြိမ် သဘောတူလိုက်တာ ဖြစ်ပါတယ်။

အခု ဂျပန်ကဝယ်ယူမယ့် ဆန်အမျိုးအစားကတော့ ဆန်ကျိုး တမတ်သား ၂၅%  အမျိုးစားဆန်ဖြစ်ပြီး သိပ်မကြာခင်ကာလမှာ တန်ချိန်ငါးထောင်ကို ဝယ်ယူမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့သတင်းပတ်ကတည်းက ပြောဆိုနေကြတာပါ။

ဂျပန်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ အားပြုဆောင်ရွက်လာခဲ့သလို ဆန်ထုတ်လုပ်ရေးမှာလည်း ဆန်ကြိတ်ခွဲသန့်စင်စက်ရုံ ၄ ခုကို ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်တွေမှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ အဲဒီစက်ရုံတစ်ရုံစီကနေ နှစ်စဉ်ဆန်တန်ချိန် ၄ သိန်း ကြိတ်ခွဲထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ဆန်တန်ချိန် ၁ ဒဿမ ၂ သန်း ပြည်ပကို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (1)
Share

(

ပြည်ပပို့ဆန်ဈေးသည် ပြည်တွင်းဆန်ဈေးထက် ဘယ်လောက်ရာခိုင်နှုန်းရှိပါလဲ

Aug 08, 2013 04:48 PM

ဆိုက်တခုလုံးသို့