နော်အုန်းလှနဲ့ငါးဦးကို မြေယာကိစ္စဆန္ဒပြလို့ ရဲက တရားစွဲဖမ်းဆီး

2019-04-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ။
Photo: Naw Ohn Hla/ Facebook

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ အပါအဝင် ငါးဦးကို ကရင်ပြည်နယ် မြဝတီမြို့ကနေ ရန်ကုန်ကိုအပြန် လမ်းခရီးမှာ မြဝတီရဲတပ်ဖွဲ့က ဧပြီလ ၂၂ ရက် မနေ့ည ၇ နာရီကျော်လောက်က ဖမ်းဆီးလိုက်ပါတယ်။

သူတို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ နဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ ဖမ်းဆီးလိုက်တယ်လို့ မြဝတီမြို့မရဲစခန်းမှူးက RFA ကို အတည်ပြုပြောဆိုပါတယ်။ ဆန္ဒပြရာမှာ တရားဝင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် ခွင့်ပြုချက်တွေထက် ကျော်လွန်ဆောင်ရွက်ခဲ့ကြတာကြောင့် အမှုဖွင့်ဖမ်းဆီးလိုက်တာလို့ ရဲအရာရှိက ဆိုပါတယ်။

မြဝတီမြို့ရှိ ရွှေမြစန္နီအိမ်ယာတွင်း နေထိုင်သူတွေ ဖယ်ရှားခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မနေ့နေ့လယ်က လမ်းလျှောက်ချီတက် ဆန္ဒပြပွဲမှာ နော်အုန်းလှတို့က ဦးဆောင်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီ ခြံကွက်တွေကို ကရင်ပြည်နယ် အစိုးရက ဖျက်သိမ်းနေပြီး အဲဒီအိမ်ယာမှာ နေတဲ့သူတွေ ရွေ့ပြောင်းပေးကြဖို့လည်း သစ်တောဦးစီးဌာနက ဧပြီလ ၄ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

လက်ရှိနေထိုင်သူတွေကတော့ အစိုးရအနေနဲ့ သူတို့ရဲ့အိမ်တွေကို မဖျက်သိမ်းဘဲ ပြေလည်အောင် ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့