ပြည်တွင်းငြိမ်းချမ်းရေး ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်မည်

2016-04-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ဧပြီလ ၂၆ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကို  တွေ့ရစဉ်
နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ဧပြီလ ၂၆ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူမှာဖြစ်ပြီး မနက်ဖြန် ဧပြီလ ၂၇ ရက်နေ့မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ JMC နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီနေ့ နေပြည်တော်က Horizon Lake View ဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေးမှာ JMC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ပြောတာဖြစ်ပါတယ်။

ကျနော်တို့ မနက်ဖြန်ကျရင် အစိုးရသစ်ကနေပြီးတော့ ငြိမ်းချမ်းရေးအတွက် တာဝန်ယူမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်၊ ဒီအပိုင်းကိုလည်း ကျနော်တို့ ဘယ်လိုဆွေးနွေးမလဲ၊ ဘာတွေဆွေးနွေးမယ်ဆိုတာကိုလည်း ဒီမှာညှိနှိုင်းဆောင်ရွက်သွား ဖို့ ဖြစ်ပါတယ်၊ တခြားဟာတွေကတော့ JMC အပိုင်းမှာ လုပ်ရမယ့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာကိစ္စတွေကို စနစ်တကျဆောင်ရွက်နိုင်အောင် ရုံးလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို နှစ်ဖက်ဆွေးနွေး ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးဖို့အတွက် အဖွဲ့သစ်တစ်ဖွဲ့ ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ သိရှိထားကြောင်း အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ က ပြောပါတယ်။

မနက်ဖြန် ဆွေးနွေးပွဲမှာ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လုပ်မလဲဆိုတာကို JMC ဘက်က ဆွေးနွေးမယ် လို့ ကေအဲန်ယူ ခေါင်းဆောင် စောအိုင်းဇက်ဖိုးက ပြောပါတယ်။

ဒီအစည်းအဝေးမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်ရေးကော်မတီတွေ ဖွဲ့စည်းဖို့ကိစ္စတွေနဲ့ JMC ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

JMC ကို အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ကိုယ်စားလှယ်တွေ၊ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါ တယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

လူတစုအာဏာတည်မြဲဖို့အတွက် ပြည်သူတွေ
မသိနားမလည်ခဲလို့အသက်ပေါင်းမြောက်မြားစွာ
အနှစ်သာရမရှိဘဲသေခဲရပြီးပြီနောက်ထပ်မဖြစ်ကြပါနဲ့တော့

Apr 27, 2016 04:36 AM

အမည်မဖော်လိုသူ

အမေ့စေတနာကို အားလုံးလက်ခံ၍
အမေ့မေတ္တာကို အားလုံးရရှိကြပါစေ
တိုင်းရင်းသားများ ညီညွတ်ကြပါ
သို့မှာသာ အာဏာရှင်လက်မှလွတ်မည်
Unity is great strength.

Apr 27, 2016 04:32 AM

ဆိုက်တခုလုံးသို့