မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ပထမဆုံးလူနာနှစ်ဦးတွေ့ရှိ

2020-03-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
Covid-19 ကိုရိုနာဗိုင်းရပ်စ်ပိုး သရုပ်ဖော်ပုံ။
Covid-19 ကိုရိုနာဗိုင်းရပ်စ်ပိုး သရုပ်ဖော်ပုံ။
Photo: en.wikipedia.org

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရတဲ့ ပထမဆုံး လူနာနှစ်ဦး တွေ့ရှိတယ်လို့ ဒီနေ့ည ၁၁ နာရီ ၄၅ မိနစ်မှာ အစိုးရက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်နိုင်ငံက ပြန်လာပြီး ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံမှာ ဆေးကုသခံနေတဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့၊ အင်္ဂလန်နိုင်ငံကနေ ပြန်လာပြီး ရန်ကုန် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်မှာ ၁၄ ရက်စောင့်ကြည့်နေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ တွေ့ရှိတာ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်တာပါ။

လောလောဆယ် သူတို့နှစ်ဦးလုံးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ မတေွ့ရဘဲ ကျန်းမာရေးကောင်းမွန်ပေမယ့် သီးခြားဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးနဲ့ ထိတွေ့ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်သွားမယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တီးတိန်ဆေးရုံမှာ ကုသပေးနေသူဟာ အသက် (၃၆) နှစ်အရွယ် အမျိုးသားဖြစ်ပြီး မတ်လ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံကို လေကြောင်းခရီးနဲ့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။  မတ်လ ၁၉ ရက်နေ့မှာ ကိုယ်အပူချိန် မြင့်တက်ပြီး ဖျားနာတဲ့အတွက် တီးတိန်ဆေးရုံကို လွှဲပြောင်းပေးခဲ့ပြီးနောက် ဓာတ်ခွဲနမူနာကို ရန်ကုန်မြို့ကို ပေးပို့စစ်ဆေးရာကနေ  COVID-19 ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဆေကိန္ဒာရာမ ကျောင်းတိုက်မှာ စောင့်ကြည့်နေတဲ့ အသက် (၂၆) နှစ်အရွယ် အမျိုးသားကတော့ မတ်လ ၂၂ ရက်နေ့မှာ လေကြောင်းခရီးနဲ့ ဝင်ရောက်လာတာ လို၌ ဆိုပါတယ်။ သူ့ရဲ့ ဓာတ်ခွဲနမူနာကို မတ်လ ၂၃ ရက်နေ့မှာ ရယူပြီးစစ်ဆေးခဲ့ရာမှာ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြုခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းကို မတ်လ ၂၄ ရက်နေ့မှာ ဆက်လက်ပေးပို့ပြီး  အတည်ပြုချက် ရယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့