ပုဂ္ဂလိကဘဏ်တချို့ ပိတ်သိမ်းမယ့်သတင်း မဟုတ်မှန်ကြောင်း ဗဟိုဘဏ်ပြော

2015-08-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တချို့ကို ပိတ်သိမ်းမယ်ဆိုတဲ့ ကောလဟလတွေဟာ မမှန်ကန်ကြောင်း ဗဟိုဘဏ်က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဘယ်ပုဂ္ဂလိကဘဏ်ကိုမှ ပိတ်သိမ်းဖို့အစီအစဉ်မရှိကြောင်းနဲ့ ဘဏ်တွေဟာ ဗဟိုဘဏ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ဆောင်ရွက်နေတာဖြစ်ကြောင်း ပါရှိပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့လောက်ကစပြီး ဘဏ်တချို့ကို ပိတ်သိမ်းမယ်လို့ သတင်းတွေထွက်နေ တာကြောင့် ငွေအပ်နှံထားသူတွေဟာ ဘဏ်တွေမှာ ငွေတွေပြန်လည်ထုတ်ယူနေသူတွေ တိုးများလာနေတယ်လို့ သိရပါတယ်။

အဲဒီလိုငွေကြေးထုတ်ယူမှုတွေကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေကြေးအကြပ်အတည်းဖြစ်ပေါ်လာရင် ဗဟိုဘဏ်အနေနဲ့ ကူညီထောက်ပံပေးသွားမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ကွန်မင့်များ (3)
Share

လြယ္ပါတယ္

နေရပ်- မခက္ဘူး

ငွေထုတ်သူတွေရဲ့ နေရပ် ၊ အမည်တွေ ထုတ်ပြန်လိုက်ပါ။ ဒမြတိုက်ခံရမှာစိုးလို့ ပြန်လာအပ်ပါလိမ့်မယ်။

Aug 20, 2015 01:37 PM

မှန်အောင်ပိတ်

နရေပျ- စစ်မှန်ဖွံ့ဖြိုး

ပုဂ္ဂလိကဘဏ် ပေါ်တာ နှစ်ပေါင်း ဘယ်လောက်ကြာသေးသလဲ ဆူနာမီ သတင်းတွေ ထတ်မကြားချင်ရင် ပိတ်လိုက်ပါ (အရပ်သူသည် အုပ်ထိန်းမှု့မှ လွတ်သည်ဖြစ်၍ ပျက်စီးလွယ်၏) အစိုးရသာ ဥပဒေနှင့် တာဝန်ယူသင့်သည့်ဘဏ်ဘဲ

Aug 20, 2015 05:52 AM

အရွင္ပညာသီဟ

နေရပ်- ဇီး ကုန်း မြို့

Banking system depends on monetary guarantee .

Aug 18, 2015 07:37 PM

ဆိုကျတခုလုံးသို့