ARSA တိုက်ခိုက်မှုကြောင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း တပ်မတော်ပြော

2019-04-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ARSA အဖွဲ့  မိုင်းဆွဲရာတွင် အသုံးပြုခဲ့တဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရစဉ်
ARSA အဖွဲ့ မိုင်းဆွဲရာတွင် အသုံးပြုခဲ့တဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရစဉ်
Photo: MOI

မနေ့က မောင်တောမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်ဖို့ ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒီနေ့ထုတ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီမော်တော်ယာဉ်ဟာ မောင်တောမြို့နယ် တောင်ပြိုနယ်မြေရုံးကနေ ကြိမ်ချောင်းနယ်မြေရုံးကို လုံခြုံရေးလိုက်ပါဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ် တောင်ပြို၊ ငါးခူရ၊ ကြိမ်ချောင်းနယ်မြေရုံးတို့က တပ်ဖွဲ့ဝင်အချို့ကို မော်တော်ယာဉ်နဲ့ တောင်ပြိုနယ်မြေရုံးကနေ ကြိမ်ချောင်းနယ်မြေရုံးကို ပို့ဆောင်စဉ် ARSA အဖွဲ့နှစ်ဖွဲ့က တောင်ကုန်းပေါ်ကနေ ဆွဲမိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် ယာဉ်မောင်း ဒုတပ်ကြပ် ရှိုင်းထက်အောင် မျက်လုံး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ARSA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာကြောင့် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖဲ့ွက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့