နိုဝင်ဘာလကုန်က ဖမ်းဆီးခဲ့တဲ့ မွတ်စလင်ဒုက္ခသည် ၃၈ ဦး စစ်တွေမြို့ကို ပြန်လည်ရောက်လာ

2018-12-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်မှာ စက်လှေနဲ့တွေ့ရှိခဲ့တဲ့ မွတ်စလင် ၉၃ ဦး ၂၀၁၈၊ နိုဝင်ဘာ ၃၀ ရက်နေ့က စစ်တွေမြို့ သဲချောင်းကျေးရွာကို ရောက်ရှိလာစဉ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်မှာ စက်လှေနဲ့တွေ့ရှိခဲ့တဲ့ မွတ်စလင် ၉၃ ဦး ၂၀၁၈၊ နိုဝင်ဘာ ၃၀ ရက်နေ့က စစ်တွေမြို့ သဲချောင်းကျေးရွာကို ရောက်ရှိလာစဉ်
Photo: Min Thein Aung/ RFA

တနင်္သာရီတိုင်း ကမ်းရိုးတန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ မွတ်စလင် ဒုက္ခသည် ၃၈ ဦးကို တပ်မတော်ရေယာဉ်နဲ့ ပြန်လည်ပို့ဆောင်ခဲ့ရာမှာ စစ်တွေမြို့၊ သဲချောင်းကျေးရွာကို မနေ့ညနေက ပြန်လည်ရောက်ရှိသွားတယ်လို့ သိရပါတယ်။

အဲ့ဒီကနေတစ်ဆင့် သူတို့တွေရဲ့ မူလနေရာတွေဆီကို အာဏာပိုင်တွေက ပြန်လည်ပို့ဆောင်လိုက်ကြတယ်လို့ အမည်မဖော်လိုတဲ့ မွတ်စလင် ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေဟာ သူတို့ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး မလေးရှားနိုင်ငံကို လှေတွေနဲ့ထွက်ပြေးသွားတာတွေ ပြီးခဲ့တဲ့ လပိုင်းအတွင်း အတော်များများ ရှိခဲ့ပါတယ်။ အဲဒီထဲက လှေနဲ့ ထွက်ပြေးသွားသူ ၁၀၆ ဦးကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း တနင်္သာရီတိုင်း လောင်းလုံမြို့နယ်မှာ မွတ်စလင် ဒုက္ခသည် ၉၃ ဦးကို ဖမ်းဆီးရမိခဲ့တာကြောင့် မနေ့က စစ်တွေမြို့ကို ပြန်လည်ရောက်ရှိလာသူတွေဟာ တတိယမြောက် ဖမ်းဆီးရမိသူတွေဖြစ်ပါတယ်။

ဒါကြောင့် ၁ လအတွင်းမှာပင် လှေနဲ့ ထွက်ပြေးသွားသူ စုစုပေါင်း ၂၃၇ ဦးကို တပ်မတော်ရေယာဉ်တွေနဲ့ သူတို့ရဲ့ နေရပ်တွေကို ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ အခက်အခဲမျိုးစုံနဲ့ မလေးရှားနိုင်ငံကို မရောက်ရှိဘဲ မူလနေရာတွေကို ပြန်လည်ပို့ဆောင်ခံရတာမှာ ပိုင်ဆိုင်မှုတွေနဲ့ ထောက်ပံ့ကြေးတွေကို အပြီးရောင်းချထားတာကြောင့် ပြန်ရောက်လာပြီးနောက်ပိုင်း နေထိုင်စားသောက်ရေး အခက်အခဲတွေ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNHCR ကမနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့