တရုတ်မှာဖမ်းခံရတဲ့ မြန်မာအလုပ်သမား ၁၈ ယောက် ပြန်လွတ်လာ

2019-08-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာ-တရုတ် နယ်စပ်ဂိတ်ကို တွေ့ရစဉ်
မြန်မာ-တရုတ် နယ်စပ်ဂိတ်ကို တွေ့ရစဉ်
ဓါတ်ပုံ - ကံသာ/ RFA

တရုတ်နိုင်ငံ ကွမ်ရှီးမြို့ အထပ်သားစက်ရုံကနေ အလုပ်အဆင်မပြေလို့ မြန်မာနိုင်ငံကို ပြန်လာတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်က အလုပ်သမား ၁၈ ယောက်ကို ဇူလိုင် ၂၂ ရက်မှာ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး မနေ့ကပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

သူတို့တွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝက်ချောင်းကလေး၊ ဝက်ချောင်းကြီး၊ ကျွန်းကြီး၊ တောင်ပေါက်၊ ဂွေးပင်၊ မျိုးချယ်၊ မုဌော စတဲ့ ကျေးရွာတွေမှာ နေထိုင်သူတွေဖြစ်ပါတယ်။

ဒေသမှာအလုပ်အကိုင်ရှားပါးပြီး လုပ်အားခနည်းပါးတာတွေကြောင့် တစ်လကို လစာ ကျပ် ၈ သိန်းလောက်ရမယ်ဆိုလို့ ပြီးခဲ့တဲ့ ခြောက်လလောက်က တရုတ်ပြည်ကို ထွက်သွားကြတာလို့ သိရပါတယ်။

သူတို့သွားတဲ့လမ်းဟာ တရားဝင်၊ မဝင်ဆိုတာကိုတောင် သေချာမသိဘဲ ခုနှစ်ရက် လည်ပတ်ခွင့် ဗီဇာနဲ့ တရုတ်နိုင်ငံထဲကို သွားရောက်ကြပြီး ခြောက်လအကြာမှာ ပြန်လာကြတာပါ။

သူတို့ကို တရုတ်အာဏာပိုင်တွေက နှစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့