Victoria အမှု ပထမဆုံးအကြိမ် ရုံးထုတ်

2019-07-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

နေပြည်တော်ကောင်စီနယ်မြေ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် ဒက္ခိဏခရိုင် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

နောက်ရုံးချိန်းကို ဇူလိုင် ၂၄ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး ကလေးငယ်ကို ဖိအားမဖြစ်စေဖို့ တရားရုံးမှာ video conferencing ကို အသုံးပြုပြီး ဗီဒီယိုနဲ့သာ သီးသန့် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့