နာဂနယ်က ဆရာဝန်

(တင်အောင်ခိုင်)
2020-03-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံမြောက်ပိုင်း၊ ပြည်မကနေဝေးကွာပြီး ဖွံဖြိုးမှု နောက်ကျနေတဲ့ နာဂဒေသမှာပါ။ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်ဒေါက်တာဇော်မင်းလေး။ သတ္တိရှိသူလို့ ပြောမလား မိုက်မဲသူလို့ခေါ်မလား နိစ္စဒူဝ ဆေးကုသရေးတောင်တက်တောင်ဆင်းခရီးကို မော်တော်ဆိုင်ကယ်လေးနဲ့ သွားနေပါတယ်။

ဒေါက်တာဇော်မင်းလေး- (Medical Action Myanmar) တို့ကို အဓိက စိန်ခေါ် နေတာက ဘာသာစကား၊ ဆက်သွယ်ရေးလုံးဝမရှိတာနဲ့ လမ်းပန်းအခက်အခဲပါ။ သူနဲ့ သူ့ အဖွဲ့ဝင်တွေ နေဝင်မိုးချုပ် တရွာဝင်တရွာထွက် ကျန်းမာရေးအသိပညာတွေပေး ဆေးခန်းတွေ ဖွင့်နေကြပါတယ်။

အရိုးပျော့ရောဂါသည် မောင်သက်ခိုင်လေး လမ်းစလျှောက်နိုင်တာ လအနည်းငယ်ပဲ ရှိပါသေးတယ်။ သူတို့ NGO အဖွဲ့တွေပေးတဲ့ ဗီတာမင် ဒီ အစွမ်းနဲ့ ၆နှစ်သားလေး ထူထူထောင်ထောင်ဖြစ်လာတာပါ။ ဒီဝေးသီခေါင်ဖျားအရပ်က ညအိပ်လမ်းလျှောက်ရတဲ့ အရေးပေါ်ဆေးရုံပို့တာကိုလည်း သူတို့အဖွဲ့ တာဝန်ယူပေးတာလည်း ရှိပါတယ်။ မောင်သက်ခိုင်လေးရဲ့ ဖခင်က သူတို့မှာ ဆိုင်ကယ်ကိုယ်ပိုင်မရှိတော့ သွားရေးလာရေးအခက်အခဲရှိတယ်လို့ပြောပြပါတယ်။

သူတို့အဖွဲ့တွေ အဓိက ဆောင်ရွက်နိုင်ခဲ့တာကတော့ ဒေသအလိုက် ရွာခံ၂၇၅ ဦး ကို သင်တန်းပေးနိုင်ခဲ့တာပါ။ ဒီလုပ်အားပေးတွေကို အခြေခံကျန်းမာရေး တီဘီကာကွယ်ဆေးထိုးတာ ငှက်ဖျားသွေးဖောက်တာတွေ သင်တန်းပေးနိုင်ခဲ့ပါတယ်။ ဒီအဖွဲ့တွေထဲမှာ ထန်ပီးဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ပါဝင်ခဲ့သူပါ။ ထန်ပီတို့ မိသားစုဟာ ဒေသခံတွေကို ကျန်းမာရေးဝန်ဆောင်မှုကို မျိုးရိုးလိုက်ပေးနေခဲ့သူလို့ ပြောနိုင်ပါတယ်။ သူ့အမေဟာ ရွာက ရိုးရာနတ်ဆရာမကြီးဖြစ်နေလို့ပါ။

" ရိုးရာဓလေ့ ဖျောက်ဖို့ဆိုတာကတော့ အချိန်ယူရပါဦးမယ်" လို့ မထန်ပီ က ပြောပါတယ်။

ဒါပေမဲ့ ထန်ပီတို့လို သင်တန်းဆင်း လုပ်အားပေးတွေကပဲ ခေတ်သစ်ဆေးပညာကို ဒီဝေးလံခေါင်ဖျားအရပ်ကို ဆောင်ကျဉ်းပေးနေပါတယ်။ ကျေးဇူးတင်ရမဲ့သူကတော့ ကွာဟချက်တွေကို ပေါင်းကူးတံတားထိုးပေးသူ ဆိုင်ကယ်ပေါ်က ဆရာဝန်လေးမဟုတ်ပါလား။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့