ဖောင်ကြီးမှာ ဖွင့်လှစ်တော့မယ့် Covid-19 ကျန်းမာရေးစင်တာ

2020-04-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ကျန်းမာရေးစင်တာ (ယာယီဆေးရုံ) အဖြစ် ပြောင်းလဲလိုက်ပြီး လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေကို စတင်လက်ခံ ကုသပေးတော့မှာပါ။

ကျန်းမာရေးဝန်ကြီးဌာနက  စီမံအုပ်ချုပ်မယ့် ဒီဆေးရုံမှာ တပ်မတော်နဲ့ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း ၂ဝ ရာခိုင်နှုန်းစီ ပါဝင်မယ်လို့ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်  ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဒေါက်တာဇော်ဝေစိုးကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့