မွန်သံဃာတော် ဦးဥက္ကံသနဲ့ မေးမြန်းချက်

2018-09-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မွန်ပြည်သစ်ပါတီဌာနချုပ် စစ်သင်တန်းကျောင်းကို ရိက္ခာပစ္စည်း သွားရောက်လှူဒါန်းခဲ့တဲ့ မွန်သံဃာတော် ဦးဥက္ကံသကို မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ ညွှန်ကြားချက်နဲ့ ချောင်းဆုံမြို့နယ် သာသနာရေး ဦးစီးမှူးက မနေ့က သွားရောက်သတိပေးခဲ့တယ်လို့ သိရပါတယ်။ ဦးဥက္ကံသ (ခေါ်) ဦးဇင်းဇော်လတ်ဟာ မွန်ဒေသက ပညာရေး၊ သဘာဝဘေး ကိစ္စတွေမှာ ဦးဆောင်ကူညီနေတဲ့ ဆရာတော်ဖြစ်ပါတယ်။ အခုလို တားမြစ်တာဟာ မဖြစ်သင့်ဘဲ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လွတ်လွတ်လပ်လပ် လှူဒါန်းခွင့်ရှိသင့်တယ်လို့ ဦးဥက္ကံသက မိန့်ကြားပါတယ်။

ဦးဥက္ကံသကို RFA သတင်းထောက် ကိုကျော်လွင်ဦးက လျှောက်ထားမေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့