RFA အင်တာနက် စာမျက်နှာတွေကို မြန်မာပြည်တွင်းက ကြည့်လို့မရအောင် ပိတ်ဆို့ထားတာ ရှိကောင်း ရှိပါလိမ့်မယ်။ ဥပမာဆိုရင်၊ https://www.rfa.org/burmese ကို မကြည့်နိုင်အောင် လုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ အင်တာနက်စာမျက်နှာတွေကို တိုက်ရိုက်မသွားပဲ proxy server လို့ ခေါ်တဲ့ ကြားခံကွန်ပြူတာ ဆာဗာစနစ်ကို အသုံးပြုပြီး ကြည့်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲ့ဒီလို ကြားခံ ကွန်ပြူတာဆာဗာကတဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ထားတဲ့ စာမျက်နာတွေကို ကြည့်နိင်တဲ့အပြင် ဘယ်သူဘယ်ဝါမှန်းလည်း မသိနိင်ပါဘူး။ ကွန်ပြူတာ အသုံးပြုသူဟာ ကြားခံကွန်ပြူတာထဲကို ဝင်ပြီးတဲ့နောက် ကိုယ်ယောင်ဖျောက်ပြီးတော့ တခြား ပိတ်ဆို့ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို သွားတဲ့သဘောပါပဲ။
ဘယ်လိုရှာဖွေကြမလဲ
အခုလို ကြားခံဆောင်ရွက်ပေးမဲ့ ကြားခံကွန်ပြူတာ ဆာဗာတွေကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တစ်ခုခုကို သုံးပြီးရှာရမှာဖြစ်ပါတယ်။ ရှာရမယ့် စာလုံးတွေကတော့ nph-proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ကို ရိုက်ထည့်ပြီး ရှာကြည့်ပါ။
တခြားနည်းတစ်ခုအနေနဲ့ CGIProxy ဒါမှမဟုတ် CGI Proxy ဆိုတဲ့ စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ်။
အဲ့ဒီလို ရှာလိုက်တဲ့အခါ ကြားခံကွန်ပြူတာ ဆာဗာအဖြစ် လက်ခံဆောင်ရွက်ပေးမဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေကို တွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ် ကြားခံကွန်ပြူတာဆီကို သွင်းနိုင်တဲ့ link လမ်းကြောင်းတွေကိုရှာရမှာ ဖြစ်ပါတယ်။
တခြား proxy လိပ်စာများ
https://aircraftaccents.com/rb
http://proxify.com/ (This is free but there is also a version available for a fee.)
Proxy Server ကြားခံ ကွန်ပြူတာ ဆာဗာတွေရဲ့ လိပ်စာက အမြဲတမ်း ပြောင်းလဲနေပါတယ်။ ဒါပေမဲ့ အခုနည်းအတိုင်း ရှာကြည့်ပြီးပြင်ပကမ္ဘာကြီးထဲက အင်တာနက်လောကကို လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ပါတယ်။
သတင်းတွေမှားနေတာလူအများ သိနိူင်အောင်ဖြစ်နိူင်ရင် ပြန်ပြင်ပေးလိုက်ရင်မှ အာအက်ဖ်အေ သတင်းဌာန သည်အများ လက်ခံနိူင်သောအရည်အသွေးနဲ့ ပြည့်မှီနိူင်မည်ဟုယုံကြည်မိပါသည် လွန်ခဲ့သောနေ့က ယာဉ်မောင်းအပါအဝင် လူ၁၅ဦးတင်လာသော ဘန်ကောက် မဲဆောက် လမ်းခရီး တွင် သစ်ပင်တိုက်မိပြီး ယာဉ်မောင်း သူက ပါမီးလောင်သေဆုံးသည်ဟုဖတ်ရမိပါ ၍ထိုင်းသတင်းနဲ့ကွဲလွဲနေသိခဲ့ရလို့ စိတ်မကောင်းဖြစ်ရမိပါသည် သေဆုံးသွားခဲ့သောလူများသည် မြန်မာပြည်မှ ရေ့ွှ့ပြောင်းအလုပ်သမားများအားလုံးဖြစ်ကြသောကြောင့် မြန်မာပြည်ရှိနေကြသော သုူတို့နှင့် နီးစပ်သူ ဆွေမျိုး သူငယ်ချင်းများဝမ်းနည်းပက်လက်ဖြစ်နေကြမှာသေချာပါသည် ဒါကြောင့် သတင်းအမှန်ဖြစ်သော ယာဉ်မောင်းသည် အသက်ရှင်လျက် ရှိနေတာသိကြရင် သူတို့နှင့် လက်လှမ်းမှီနိုင်သော အမှုဖွင်တို့င်ကြားမှုဖြစ်စေ ထိုင်းအစိုးရရဲ့ကိုင်တွယ်ပုံကိုင်တွယ်နည်းကို ဖြစ်စေ အစဉ်တစိုက် မျက်စိဖွင့်နားစွင့်ပြီး စိတ်သက်သာရာသက်သာကြောင်း လုပ်သင့်လုပ်ထိုက်ရာ လုပ်နိုင်မည် ဟုယုံကြည်သောကြောင့် ကွန့်မင့်ပေးရချင်းဖြစ်ပါသည်..ကျေးဇူးတင်ပါသည်..ကျနော်. ဝင်းဆွေပါ
Oct 22, 2018 11:14 AM
Thanksမှန်ကန်တိကျသောသတင်းများကိုအချိန်
နှင့်တ ပြေးင်္ညီဖတ်ရသဖြင့်RFAကိုကျေးဇူး
တင် ပါတယ်အရမ်းကိုစိတ်ဝင် စားပါသ
Feb 19, 2015 03:02 AM