တွေးမိသမျှပြောပါရစေ

2019-07-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
"တွေးမိသမျှပြောပါရစေ"
"တွေးမိသမျှပြောပါရစေ"
Photo: RFA

ဒီတစ်ပတ် အစီအစဉ်မှာ...ရခိုင်ပြည်နယ်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးခံရသူတွေ သေဆုံးမှု များပြားလာတယ်ဆိုတာနဲ့ ပတ်သက်လို့ တပ်မတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စုံစမ်းတော့မယ်လို့ ကြေညာပါတယ်။ အထိန်းသိမ်းခံထားရတုန်း သေဆုံးသူတွေ ရှိနေပြီဆိုတာ မစုံစမ်းဘဲ ထားလို့ ရနိုင်ပါမလား၊ အကျိုးဆက်တွေက ဘယ်လိုရှိလာမလဲ ဆိုတာတွေကို RFA ဝိုင်းတော်သား သုံးသပ်တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ် အစီအစဉ်မှာ...တရုတ်နိုင်ငံနဲ့ လာအိုနိုင်ငံတို့က ရေကာတာကြီးတွေ ကျိုးပေါက်မှုအကြောင်းတွေနဲ့ ဆက်စပ်ပြီး ပြည်သူအများ ကန့်ကွက်နေကြတဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းအရေးကို RFA ဝိုင်းတော်သား ဦးခင်မောင်ညိန်းက သုံးသပ်တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ် အစီအစဉ်မှာ... မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ တနေ့တခြား တိုးပွားများပြားလာနေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တသိန်း ခြောက်သောင်းကျော်နေပြီ ဖြစ်ပါတယ်။ တချို့ဆိုရင် ဒုက္ခသည်စခန်းတွေမှာ နေလာကြတာ ၇ နှစ် ၈ နှစ် ရှိနေပြီလို့ ပြောကြပါတယ်။ သူုတို့တွေရဲ့ စားဝတ်နေရေး ပြဿနာတွေကို အာဏာပိုင်တွေဘက်က ပေါ့ပေါ့တန်တန်မထားဘဲ တနည်းတဖုံ ကူညီဖြေရှင်းပေးဖို့ လိုအပ်နေတဲ့အကြောင်း RFA ဝိုင်းတော်သား ဦးခင်မောင်ညိန်းက သုံးသပ်တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့