လွတ်လပ်သောအာရှအသံ၏ တာဝန်နှင့် ရည်ရွယ်ချက်

လွတ်လပ်သောအာရှအသံ၏ တာဝန်နှင့် ရည်ရွယ်ချက်များ၊ သက်ဆိုင်ရာ အစိုးရများ၏ ပိတ်ပင်ဟန့်တားမှုများကြောင့်၊ သတင်းလွတ်လပ်ခွင့် မရှိသော အာရှနိုင်ငံများမှ သောတရှင်များထံ၊ တိကျမှန်ကန်ပြီး၊ အချိန်ကိုက်ဖြစ်သော သတင်းနှင့် သတင်းအချက်အလက်များ ထုတ်လွှင့်ပေးရန် ဖြစ်ပါသည်။
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

လွတ်လပ်သောအာရှအသံ၏ တာဝန်နှင့် ရည်ရွယ်ချက်များ၊ သက်ဆိုင်ရာ အစိုးရများ၏ ပိတ်ပင်ဟန့်တားမှုများကြောင့်၊ သတင်းလွတ်လပ်ခွင့် မရှိသော အာရှနိုင်ငံများမှ သောတရှင်များထံ၊ တိကျမှန်ကန်ပြီး၊ အချိန်ကိုက်ဖြစ်သော သတင်းနှင့် သတင်းအချက်အလက်များ  ထုတ်လွှင့်ပေးရန် ဖြစ်ပါသည်။

လွတ်လပ်သောအာရှအသံသည်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ ချမှတ်ထားသည့်၊ ပဓာနကျသည့် ကျင့်ဝတ်စည်းကမ်းများအား တစိုက်မတ်မတ် လိုက်နာကျင့်သုံးသွားမည့် ကိစ္စများ ဆုံးဖြတ်ဆောင်ရွက်ရာ၌ မရှိမဖြစ် လိုအပ်သော သတင်းအချက်အလက်များအား၊ သောတရှင်များ အကြားအမြင်များစေရန်အတွက်၊ လွှတ်လပ်သောအာရှအသံက ထုတ်လွှင့်ပေးနေပါသည်။

ကျွန်ုပ်တို့၏ တာဝန်ှမှာ တိကျမှန်ကန်ေသာ၊ အချိန်ကိုက်လည်းဖြစ်သော သတင်း၊ သတင်းအချက်အလက်များ ဝေဖန်သုံးသပ်ချက်များကို ထုတ်လွှင့်ပေးရန်၊ အာရှနိုင်ငံများက ပြည်သူများအနေဖြင့်၊ မိမိတို့၏ အမြင်အယူအဆအများကို ထုတ်ဖော်ပြောဆိုနိုင်ရန်ဖြစ်သည်။

ကျွန်ုပ်တို့ အင်တာနက်စာမျက်နှာ၏ ရည်ရွယ်ချက်မှာလည်း ဤနည်းအတိုင်းဖြစ်ပြီး၊ မိမိတို့ဌာနများ၏ အသံလွှင့်ချက်များကို တကမ္ဘာလုံးအတိုင်းအတာထိ ပျံ့နှံ့နိုင်အောင်၊ ထပ်မံ အားဖြည့်ထားခြင်းဖြစ်သည်။ သတင်းအစီအစဉ်များအပြင်၊ သက်ဆိုင်ရာနိုင်ငံများ၌ ပိတ်ပင်တားမြစ်ခံထားရသည့်၊ စာပေနှင့်  အသိဉာဏ်ပွားဖွယ်ရာ ရေးသားချက်များကိုလည်း ထုတ်လွှင့်ပေးပါသည်။

လွတ်လပ်သောအာရှအသံသည် သတင်းလုပ်ငန်းဆိုင်ရာ၊ အမြင့်မားဆုံး စံသတ်မှတ်ချက်များအား၊ မြဲမြံစွာခံယူကျင့်သုံးပါသည်။ သတင်းထုတ်လွှင့်ချက်များ၌ တိကျမှု၊ မျှတမှုရှိရုံမက၊ တဖက်ဖက်သို့တိမ်းစောင်းမှု ဘက်လိုက်မှု မရှိရအောင်လည်း၊ အားသွန်ခွန်စိုက် ကြိုပမ်း အားထုတ်ပါသည်။

လွတ်လပ်သောအာရှအသံသည်၊ တရုတ်ဌာနမှ မန်ဒရင်း၊ ကန်တုန်၊ ဝီဂါဘာသာ စကားများဖြင့်လည်းကောင်း၊ မြန်မာဌာန၊ တိဘက်ဌာန၊ လာအိုဌာန၊ ကမ္ဘောဒီးယားဌာန၊ ဗီယက်နမ်ဌာန၊ ကိုရီးယားဌာနတို့မှ သက်ဆိုင်ရာ ဘာသာစကားများဖြင့်လည်းကောင်း ထုတ်လွှင့်ပေးနေပါသည်။

သောတရှင်မှ ကိုယ်တိုင် မိမိတို့၏ ကိုယ်ပိုင်အမြင်၊ အယူအဆများကို တိုက်ရိုက်ထုတ်ဖော်ဆွေးနွေးခွင့်၊ မိမိတို့ သိလိုသည့် အကြောင်းအရာများအား တိုက်ရိုက် ပါဝင်မေးမြန်းနိုင်ခွင့်ရှိသည့် အစီအစဉ်တရပ်ကိုလည်း လွတ်လပ်သောအာရှအသံက ဖန်တီးပေးထားပါသည်။ ထိုအစီအစဉ်များ ကန်တုန်ဌာနမှာ ၁ ခု၊ မန်ဒရင်းဌာနမှာ ၅ ခု၊ တိဘက်ဌာနမှာ ၄ ခုနှင့် ဝီဂါဌာနမှာ ၁ ခု၊ စုစုပေါင်း ၁၂ ခု စီစဉ်ပေးထားပါသည်။

လွတ်လပ်သောအာရှအသံသည် အမြတ်အစွန်းရရေးအတွက် မရည်ရွယ်သော၊ တသီးပုဂ္ဂလ အဖွဲ့အစည်းတရပ်ဖြစ်သည်။ အမေရိကန်ကွန်ဂရက်လွှတ်တော်က လွတ်လပ်သောအာရအသံကို ထူထောင်ခွင့်ပြုထားပြီး၊ ပြည်ထောင်စုအစိုးရက နှစ်စဉ် ရန်ပုံငွေချပေးနေသော်လည်း၊ လွတ်လပ်သောအာရှအသံသည် အမေရိကန်အစိုးရ၏ ဌာနတခု မဟုတ်သလို၊ ကျွန်တော်တို့သည်လည်း အမေရိကန်အစိုးရဝန်ထမ်းများ မဟုတ်ကြပါ။

ကွန်မင့်များ (13)
Share

အမည်မဖော်လိုသူ

နေရပ်- Free

လူတို့သည် မိမိကို မကောင်းပြောလျင် မခံနိုင် ဆဲလျင်မကြိုက် ''အသံဖြင့် ပြောသည်နှင့်'လက်ဖြင့်လုပ်လိုက်ခြင်း' မြို့နေလူ အသိုင်းအဝိုင်းတွင် တစ်ဦးဆီက ပိုက်ဆံ တစ်ဦးကယူ၍ အသက်မွေးကြ၏ ''တော၌ ကိုယ်တိုင် စိုက်ပျိုးမွေးမြူ၍ လှည့်လှယ်စားကြ၏ ''တောကလူကို စီးပွားရေးပိတ်ဆို့ရန် မလွယ်ကူသော်လည်း မြိုက လူကို စီးပွားရေးပိတ်ဆို့ရန် လွယ်တယ်ဆိုတာ လောကသားများ သတိထားမိသလား

Jan 27, 2016 04:53 AM

အမည်မဖော်လိုသူ

ရေးချင်သလိုရေး ဆဲချင်သလိုဆဲ ဖွင့်ပေးထားလိုက်စမ်းပါ ဒါမှ လောကသားတွေ အကြောင်း သိရမယ်

Jun 06, 2015 04:18 AM

အမည်မဖော်လိုသူ

ကိုယ်ထူ ကိုယ်ထဆိုပြီး လက်လုပ်လက်စားများ ထံမှ ငွေကောက်ခံ၍ အသံချဲ့စက်ဖွင့်ကာ နာမည်ကောင်းယူတတ်သည့် အဖွဲ့အစည်းများ မြန်မာပြည်တွင်ရှိကြောင်း ထောက်ခံပါသည် မပြေလည်၍ မပါဝင်နိုင်လျင် ယုတ်ညံ့သော တုန့်ပြန်မှုများ နှင့် လူရာမသွင်းကြောင်း ထောက်ခံအပ်ပါသည်

May 14, 2015 10:23 PM

thin thin

နေရပ်- mawlamyine

YES

Apr 12, 2013 10:42 PM

ye

နေရပ်- ygn

ရန်ကုန်လှိုင်သာယာမြို့နယ် ၇ရပ်ကွက် တေးဥယျာဉ် ၁
လမ်းမှာ လက်လုပ်လက်စားများထံမှ မိသားစုတစ်စုလျှင်
ကျပ်တစ်သိန်းခွဲ ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်းခင်း
ဖို့ အတင်းအဓမ္မကောက်ခံနေတာကို ထုတ်လွှင့်ပေးစေချင်ပါတယ် ။ အီးမေးလ်ပေးပို့ထား
ပြီးဖြစ်ပါတယ် ။

Dec 09, 2012 08:53 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့