၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တပ်ပြင်ပမဲရုံတွေမှာ တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေ မဲပေးခဲ့ရတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ တပ်မတော်က ပြောလိုက်ပါတယ်။
ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသကို နိုဝင်ဘာလ ၂၈ ရက် မနေ့က သွားရောက်လေ့လာခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား စက်ရုံအလုပ်သမားတွေကို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနေပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၆၅ နှစ်ပြည့်မယ့် လာမယ့်၂၀၂၁ ခုနှစ်ထဲမှာ ရာထူးကနေ အနားယူရေး မယူရေးဆိုတာဟာ ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်သွားမယ့် ကိစ္စဖြစ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဒီလအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတွေ သိသိသာသာ တိုးလာနေပါတယ်။
မန္တလေးတိုင်း စဉ့်ကိုင်နဲ့ ပုသိမ်ကြီးမြို့နယ်တွေက ကျေးရွာတွေမှာ တပ်မတော်နဲ့ ဒေသခံရွာသားတွေ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေရာကနေ နိုဝင်ဘာလ ၂၆ ရက်နေ့ မနေ့က မနက်အစောပိုင်းမှာ တပ်မတော်က အင်အားသုံး ဝင်ရောက် ဖျက်သိမ်းတာတွေရှိခဲ့ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနိုင်ရ ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးမြင့်ဟာ
မဲစာရင်းမပါသူတွေကို ရွေးကောက်ပွဲနေ့မှာ မဲထည့်ဖို့ ဖိအားပေးတယ်လို့ မွန်ညီညွတ်ရေးပါတီ MUP ဗဟိုကော်မတီဝင်တစ်ဦးက စွပ်စွဲပြီး ချောင်းနှစ်ခွ နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
၂၀၂၀ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကာလ ကြိုတင်မဲကောက်ယူစဉ်နဲ့ မဲရုံမှာတာဝန်ထမ်းဆောင်စဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ဆရာ ဆရာမ အယောက် ၅၀ ကျော်ရှိပြီး ၂ ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ပြောပါတယ်။
ဧရာဝတီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်သစ်အဖြစ် လက်ရှိ ဧရာဝတီတိုင်းတရားသူကြီး ဖြစ်တဲ့ ဦးမျိုးညွန့်ကို ခန့်အပ်ဖို့အတွက် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရ ပထမငါးနှစ် သက်တမ်း အတွင်း ငြိမ်းချမ်းရေး ထင်သလောက် ခရီးမပေါက်ခဲ့ပေမယ့် နောက်ငါးနှစ်ကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အောင်မြင်ဖို့ အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အင်အားကြီး လက်နက်ကိုင်အဖွဲ့ UWSA " ဝ" အပါအဝင် AA ရက္ခိုင့်တပ်တော်တို့က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲမဖြစ်ဘဲ အေးချမ်းနေတဲ့အတွက် ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ် အပါအဝင် တခြားမြို့နယ်တွေက စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီပြီး နေရပ်ကိုပြန်နေကြပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်က သဘင်ပညာသည် ၄၀၀ ခန့်ဟာ၊ ကပ်ရောဂါကာလမှာ နေ့စဉ်စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတယ် လို့ ကာယကံရှင်တွေက ပြောပါတယ်။
NLD အစိုးရသက်တမ်း ဒုတိယအကြိမ်မှာ နိုင်ငံလူဦးရေရဲ့ ၁၀ ပုံ ၁ ပုံကျော်ရှိပြီး လူဦးရေထူထပ်တဲ့ စီးပွားရေးမြို့တော် ရန်ကုန်ကို ဦးဆောင်မယ့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာအတွက် ဘယ်လိုပုဂ္ဂိုလ်ကို ရွေးချယ်မလဲဆိုတာ မြို့နေလူထု အပါအဝင် စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေက စိတ်ဝင်စားနေပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်က စစ်ဘေးဒုက္ခသည် ၁၀၀ ခန့်ကို နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အချိန်တစ်လကြာ ဝင်ငွေရ အလုပ် အကိုင်တစ်ခုကို EU ဥရောပသမဂ္ဂရဲ့ ငွေကြေးအကူအညီနဲ့ စစ်တွေမြို့က အရပ်ဘက်အဖွဲ့တချို့ ပူးပေါင်းပြီး ဖန်တီပေးထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ မသမာမှု တစ်ထောင်ကျော်ကို ပြန်လည်စီစစ်ပေးမယ်ဆိုရင် USDP ရဲ့ ရွေးကောက်ပွဲရလဒ်က ပြောင်းလဲလာနိုင်မယ်လို့ထင်ကြောင်း USDP ပါတီခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် အစိုးရသက်တမ်းအတွင်း တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ဦးစားပေးဆောင်ရွက်မှာဖြစ်ပြီး တိုင်းရင်သားတွေရဲ့ ပူးပေါင်းပါဝင်မှုကို မျှော်လင့်ကြောင်း မကြာခင်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခုလို NLD ရဲ့ ဖိတ်ခေါ်မှုကို တိုင်းရင်းသားပါတီတွေက ကြိုဆိုခဲ့ပေမယ့် ဒီကိစ္စကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ပြောပါတယ်။
လာမယ့် လွှတ်တော်သစ်မှာ အမျိုးသမီးလွှတ်တော်အမတ် ၁၇ ရာခိုင်နှုန်းကျော် ပါဝင်လာမှာဖြစ်တဲ့အတွက် အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပိုကောင်းလာဖို့၊ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့အသံတွေ ပိုထွက်ပေါ်လာပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပိုဆောင်ရွက်နိုင်လိမ့်မယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေက ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဒီနှစ်မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၂ ရက်နေ့က တောင်းဆိုချက်ကို တပ်မတော်က ကြိုဆိုပြီးနောက်ပိုင်း တိုက်ပွဲတွေရပ်သွားတာမို့ အစိုးရသစ်မခေါ်ခင် မကျင်းပနိုင်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲတွေရှိလာတော့မလားဆိုတဲ့ မျှော်လင့်မှုတွေရှိနေပါတယ်။
မြန်မာအစိုးရဘက်က ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းထားတဲ့ ဒုတိယအကြိမ် အစီရင်ခံစာမှာ ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံနေတာနဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှုတို့ကနေ အကာအကွယ်ပေးဖို့ မြန်မာအစိုးရက လိုက်နာခြင်း မရှိဘူးလို့ နယူးယောက်အခြေစိုက် Global Justice Center က ဝေဖန်လိုက်ပါတယ်။ အဲဒီဝေဖန်ပြောဆိုချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ရိုဟင်ဂျာအရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေကြောင်း တုံ့ပြန်လိုက်ပါတယ်။